ထိုင်းအတိုက်အခံ ခေါင်းဆောင် ပစ်သတ်ခံရ

thai

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ဘန်ကောက် ၃ ပုံ ၂ မှာ ကြိုတင် မဲပေးမှု ရပ်ဆိုင်း

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးပွဲမှာ မဲမပေးနိုင်အောင် ကန့်ကွက် တားမြစ်မှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုအထိ ဖြစ်ပွား ခဲ့ပါတယ်။

ဘန်ကောက်မြို့ ဘန်နားအရပ်မှာ မဲရုံကို ကန့်ကွက်သူ တွေကို သေနတ်နဲ့ ပစ်ခတ် ခဲ့ပါတယ်။ တလက် မကတဲ့ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ် တဲ့ စူထင်း ထားရားထင်း သေဆုံး သွားပါတယ်။

နောက်ထပ် ၁ဝ ဦးလည်း ဒဏ်ရာရ သွားတယ်လို့ ထိုင်း ကျန်းမာရေး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ကြိုတင် ဆန္ဒပြပွဲကို ကန့်ကွက် ပိတ်ဆို့မှုတွေ လုပ်လို့ ဘန်ကောက် ခရိုင် ၃ ပုံ ၂ လောက် မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ရပ်ဆိုင်း ခဲ့ရတယ်။

တစ်နိုင်ငံလုံးက ၇၇ ခရိုင်မှာ ၁ဝ ခရိုင် ကျော်က ကြိုတင် မဲပေးပွဲ မလုပ်နိုင်ဘဲ ဖြစ်သွားပါတယ်။