ထိုင်း ရွေးကောက်ပွဲ ရက်ရွှေ့ခွင့်ရှိတယ်လို့ တရားရုံး ဆို

ဓာတ်ပုံ ရင်းမြစ်, AP
မြို့တော် ဘန်ကောက်နဲ့ အနီးဝန်းကျင်ကို အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ထိုင်း နိုင်ငံမှာ ရှေ့လ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို တရားဝင် ရွှေ့ဆိုင်း နိုင်တယ်လို့ ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ကြေညာလိုက်ပါတယ်။
ဒါပေမယ့်လို့ ဒါဟာ ဝန်ကြီးချုပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အကြား သဘောတူညီမှသာ ရွှေ့ဆိုင်းလို့ရမှာ ဖြစ်ပါတယ်။
ကော်မရှင်ကတော့ လက်ရှိ ထိုင်းနိုင်ငံရေး ကသောင်းကနင်း ဖြစ်မှုတွေကြောင့် ရှေ့လ ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်လို့ ပြောပြီး ရွေးကာက်ပွဲကို နောက်ဆုတ်ဖို့ ပြောထားပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် ကတော့ စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက် လုပ်ဖို့ အလေးအနက် ပြောနေပါတယ်။
အဓိက အတိုက်အခံ ပါတီကလည်း ဒီ ရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီး၊ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွကပါ ဒီ ရွေးကောက်ပွဲကို အနှောင့်အယှက် တွေ လုပ်မယ်လို့ ပြောပါတယ်။
ဆန္ဒပြသူတွေဟာ မစ် ယင်လတ် ရာထူးက ဆင်းပေးရေး အတွက် စည်းရုံး ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။




