ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးဖို့ သမ္မတခရီးစဉ်အတွင်း တောင်းဆို

ဧပြီ ၇ ရက် နဲ့ ၈ ရက်နေ့ တွေ မှာ ပြုလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အထက်ချင်းတွင်း ဒေသ ဟုမ္မလင်း-ခန္တီး ခရီးစဉ် အတွင်းမှာ နယ်မြေ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် ပေးဖို့ ဒေသခံ တွေ က တောင်းဆို ခဲ့ပါတယ်။
ခန္တီးမြို့ခံ နာဂ ရေးရာ ယဉ်ကျေးမှု ဗဟိုကော်မတီ ရဲ့ နာယက ဖြစ်သူ ဦးလှဖေ က သူ သမ္မတ နဲ့ တွေ့တုန်း မြို့ မှာ လျှပ်စစ်မီး ရဖို့ အတွက် ရေအား လျှပ်စစ် ထုတ်လုပ် နိုင်ဖို့ အပါအဝင် ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍ တွေ အတွက် ဆောင်ရွက် ပေးပါ ဆိုပြီး တောင်းဆို ခဲ့တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။
နာဂ နဲ့ ရှမ်းနီ မျိုးနွယ်စု တွေ နေထိုင် တဲ့ အဲဒီ့ ဒေသ ကို ရွေးကောက်ပွဲ အကြို စည်းရုံးရေး ခရီး အဖြစ် သွားရောက် ခဲ့တာလား ဆိုတာ စဉ်းစားစရာ ဖြစ်တဲ့ အကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ပြည်သူ့ လွှတ်တော် အမတ် ဦးရဲထွန်း က သမ္မတ ခရီးစဉ် အပေါ် သုံးသပ် ပါတယ်။
လက်ရှိမှာ လည်း လွှတ်တော်ထဲ မှာ ရှမ်းနီ နဲ့ နာဂ လူမျိုး အမတ် တွေ ဟာ ပြည်ခိုင်ဖြိုး ပါတီဝင် တွေ အနေနဲ့ ရှိနေ ကြတာ ဖြစ်ပါတယ်။




