ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေးလအတွင်း တိုင်စာ ၂၀၀၀ ကျော် အဂတိ တိုက်ဖျက်ရေးကော်မရှင် လက်ခံရရှိ
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ သက်တမ်း လေးလကျော်မှာ တိုင်စာပေါင်း နှစ်ထောင်ကျော် လက်ခံရထားသလို ညွှန်ကြားရေးမှူးချုပ်တယောက်ရဲ့ အဂတိ လိုက်စားမှုကို ပထမဆုံးအကြိမ် အဖြစ် ဖမ်းဆီး တရားစွဲ ရုံးတင်စစ်ဆေးနေပါတယ်။
ဒီထဲမှာ စစ်တာက ၁၅ ခု၊ ဥပဒေနဲ့ ဖော်ထုတ်နိုင်တာက ၃ ခု၊ ဖမ်းမိတာက အခု FDA ညွှန်ကြားရေးမှူးချုပ်ရဲ့ အမှုပဲရှိသေးပြီး ကျန်တဲ့ အမှု ၂ မှုကတော့ လူတွေထွက်ပြေးနေကြတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြောခွင့်ရ ဒေါ်လဲ့လဲ့က ဘီဘီစီကို ပြောပါတယ်။
လယ်ယာမြေအငြင်းပွားမှု အပါဝင် လယ်သိမ်းခံရမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ မသက်ဆိုင်ဘဲ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီနဲ့ သက်ဆိုင်ပြီး လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၁ဝဝဝ ကျော်လည်း လက်ခံရရှိထားတယ်လို့ ဒေါ်လဲ့လဲ့က ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်တဲ့ အဂတိလိုက်စားမှုတွေထဲမှာ ပြည်ထဲရေး ဝန်ကြီးဌာနကို တိုင်ကြားစာဟာ အများဆုံးဖြစ်ပြီး ဒုတိယအနေနဲ့ တရားရေးဝန်ထမ်းတွေကိုတိုင်တာဖြစ်တယ်လို့ ကော်မရှင် မှတ်တမ်းတွေအရသိရပါတယ်။
ဒီတိုင်ကြားမှုတွေအနက်က ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက်ခံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို ဖမ်းဆီးပြီး အဂတိ တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ မန္တလေးတိုင်း တရားလွှတ်တော်မှာ တရားစွဲခဲ့ပါတယ်။
- ညွှန်ကြားရေးမှူးချုပ် တယောက် အဂတိလိုက်စားမှုနဲ့ အရေးယူ
- အဂတိလိုက်စားမှု အရှိန်မြှင့်နှိမ်နင်းဖို့ လိုနေပြီလို့ ကော်မရှင်ဥက္ကဌ ပြော
- ဝန်ကြီးဌာန အသစ် ၂ ခု နဲ့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့ဖို့ လွှတ်တော်မှာ တင်ပြ
- တောင်ကိုရီးယားသမ္မတဟောင်း ခြစားမှုနဲ့ ထောင်၂၄ နှစ်ကျ
- ဓနသဟာယညီလာခံတက်နေတဲ့ တောင်အာဖရိကသမ္မတပြန်
- တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးရဲ့ မိတ်ဆွေဟောင်း ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံရ
- ထိုင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဘယ်လောက် ထိရောက်သလဲ
- ဓနသဟာယညီလာခံတက်နေတဲ့ တောင်အာဖရိကသမ္မတပြန်
မေလ၄ရက်က ဒေါက်တာသန်းထွဋ်ကို မန္တလေးတိုင်း တရားလွတ်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးပြီး တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို စပြီးစစ်ခဲ့တာပါ။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ဟာ ၂၀၁၇ အတွင်းက သူပိုင်မြေကွက် နှစ်ခုပေါ်မှာ တင်ဒါအောင်ကုမ္ပဏီတခုဖြစ်တဲ့ ရဲတိုက်မြို့တော် ကုမ္ပဏီဆီကနေ အဆောက်အဦတွေနဲ့ အိမ်ထောင်ပရိဘောဂတွေ စုစုပေါင်း ကျပ်သိန်း ၁၅၀၀ ကျော် တောင်းခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။
ဒေါက်တာသန်းထွဋ်ဟာ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ ကော်မရှင်သစ်လက်ထက်မှာ ပထမဆုံး ဖမ်းဆီးတရားစွဲခံရတဲ့ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။