ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးရဲ့ မိတ်ဆွေဟောင်း ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံရ
တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ပတ် ဂွန်ဟေး ရာထူးကနေ နုတ်ထွက်ပေးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ အဂတိ လိုက်စားမှု အရှုပ်တော်ပုံကြီးမှာ အဓိက ပါဝင်ခဲ့သူ အမျိုးသမီးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
မစ်စ်ပတ် ရင်းနှီးတဲ့ မိတ်ဆွေ တဦးဖြစ်တဲ့ ချွိုင် ဆွန်းဆီလ် ဆိုသူ အဲဒီ အမျိုးသမီးဟာ အာဏာ အလွဲသုံးစားမှု၊ ခြိမ်းခြောက်မှု၊ လာဘ်စားမှု စတဲ့ စွဲချက်တွေနဲ့ ပြစ်မှု ထင်ရှားခဲ့တာပါ။
တောင်ကိုရီးယား ကုမ္ပဏီတွေကို သမ္မတနဲ့ တွေ့ခွင့် ရဖို့အတွက် မစ်စ် ချွိုင်က သူထိန်းချုပ်တဲ့ ရံပုံငွေ အဖွဲ့နှစ်ခုထဲ ဒေါ်လာ သန်းပေါင်း များစွာ အတင်း ထည့်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
အခု သူ့ကို ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် အဂတိ လိုက်စားမှုနဲ့ လာမယ့်လမှာ ရုံးတင် စစ်ဆေးဖို့ ရှိတဲ့ မစ်စ် ပတ်ရဲ့ ကံကြမ္မာပေါ် ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။