ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ
ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။ ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။
အမေရိကန်- ICE ဆိုတာဘာလဲ၊ ICE အရာရှိတွေ ဘယ်လောက်အထိ အင်အားသုံးခွင့်ရှိလဲ
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မီနီယာပိုလစ်မြို့ မှာ ICE အေဂျင်စီက အရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် ICE ဟာ စစ်ဆေးခံနေရပါတယ်။
အေအေနဲ့ တိုက်ပွဲရှိနေတဲ့ ပန်းတောင်းမြို့နယ်ကိုစစ်ခေါင်းဆောင်သွား
အာရက္ခတပ်တော်- အေအေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားခဲ့ပြီး ရွေးကောက်ပွဲမှာ မဲပေးဖို့ ပြောခဲ့တဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။
ဗင်နီဇွဲလားသမ္မတကို ဝင်ဖမ်းတဲ့ထရမ့် လုပ်ရပ်အတိုင်း အာဏာရှင်အင်အားကြီးနိုင်ငံတွေ လိုက်လုပ်လာနိုင်မလား
ထရမ့်က သူ့စိတ်ကြိုက် စည်းမျဉ်းတွေ ဆွဲပြီး တခြားလူတွေကတော့ သူ့လို လိုက်လုပ်လို့ မရဘူးလို့ ယုံကြည်ထားပုံ ရပါတယ်။
စစ်တွေမြို့အနီး ဒကစ ကာကင်းစခန်းတွေကို အေအေ တိုက်ခိုက်
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးက စစ်တပ်ကာကင်းစခန်းတွေနဲ့ ရဲတပ်ရင်းတွေကို အာရက္ခတပ်တော်(အေအေ)က တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၈ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အပြီးမှာတော့ ကြိုတင်မဲပွင့်လင်းမြင်သာမှုနဲ့ ပတ် သက်လို့ မေးခွန်းထုတ်လာကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ KTLA က ကော်သူးလေ အစိုးရဆိုပြီးဖွဲ့စည်း
ကော်သူးလေတပ်မတော် (KTLA) က “ကော်သူးလေအစိုးရ” အဖွဲ့လိုက်ပြီလို့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့မှာ ထုတ်သပြောတဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၇ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
စစ်ကိုင်း-တော်လှန်ရေးထိန်းချုပ်နယ်မြေတချို့ က ဆေးခြောက်နဲ့ မူးယစ်ဈေးကွက်
တော်လှန်ရေးတပ်တွေအားကောင်းတဲ့ အညာဒေသထဲက စစ်ကိုင်းတိုင်းအနှံ့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ အများအပြားတွေ့လာရတယ်လို့ ဒေသအခြေစိုက် တပ်ဖွဲ့တချို့နဲ့ မြေပြင်ဒေသခံတချို့က ဘီဘီစီကို အတည်ပြုပြောပါတယ်။ NUG ကလည်း စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဖမ်းဆီးရမိမှု၊ တိုင်တန်းမှုတွေ ပိုများလာတယ်လို့ လျှို့ဝှက်အမိန့်စာထဲမှာ အသိပေးပါတယ်။
ဟက်ပီးဝါးတား - အလုံပိတ်ခန်းထဲက လူငယ်တွေနဲ့ မြို့ပြမူးယစ်ဆေးစျေးကွက်
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ ညဘက်ဖွင့်တဲ့ ဘားတွေ၊ ကလပ်တွေ၊ ကာရာအိုကေဆိုင်ကြီးတွေနဲ့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဟိုင်းခန်းလို့ခေါ်တဲ့ သီးသန့် အလုံပိတ်အခန်းတွေမှာ မူးယစ်ဆေးဝါး အစုံအလင် ဝယ်ယူလို့ ရနေတာလို့ ဘီဘီစီ ရဲ့ သတင်း အရင်းအမြစ်တွေက ပြောပါတယ်။ K နဲ့ E လို့လူသိများတဲ့ မူးယစ်ဆေးဝါးအပြင် ဟက်ပီးဝါးတား(Happy Water)ဆိုတဲ့ မူးယစ်ဆေးတစ်မျိုးကိုလည်း မြန်မာလူငယ်တွေကြားမှာ သုံးတာများလာပါတယ်။ ဒီမူးယစ်ဆေးက ဘယ်လို အမျိုးစားပါလဲ။ ဘယ်လောက်အန္တရာယ်များလဲ။
‘‘ကျွန်တော်က စစ်သုံ့ပန်းပါ’’ - မာဒူရိုရဲ့ နယူးယောက်က တရားခွင်ကြားနာမှု
ဗင်နီဇွဲလား သမ္မတ မာဒူရိုနဲ့ သူ့ဇနီး စီလီယာ ဖလောရက်စ်တို့ကတော့ မိနစ် ၄၀ ကြာတဲ့သူတို့ရဲ့ တရားခွင်ကြားနာမှုမှာ သူတို့အပေါ် စွပ်စွဲချက်တွေကို အပြစ်မရှိကြောင်းပြောပါတယ်။
ခင်ပွန်းထက် နိုင်ငံရေးသြဇာရှိနှင့်ခဲ့သူ ဗင်နီဇွဲလားသမ္မတကတော်
စီလီယာ ဖလောရက်စ် တစ်ယောက် ဗင်နီဇွဲလားမှာ လူအများအာရုံစိုက်ခံရခဲ့ရတာဟာ သမ္မတ မာဒူကို လက်ထပ်လို့ ကတော် မဖြစ်လာခင်ကတည်းကပါ။ သူ့နည်းသူ့ဟန်နဲ့ နိုင်ငံရေးလမ်းကြောင်း ရှိနှင့်ထားပြီးသူလည်း ဖြစ်ပါတယ်။ အခုတော့ သူရော ခင်ပွန်းဖြစ်သူ သမ္မတ မာဒူရိုပါ ဗင်နီဇွဲလားကနေ ခေါ်ဆောင်ခံရပြီး အမေရိကန်မှာ တရားရင်ဆိုင်ရဖို့ရှိနေတာကြောင့် သူ့ ကံကြမ္မာဟာ ခင်ပွန်းဖြစ်သူ သမ္မတနဲ့အတူ ခွဲခြားပြောမရဖြစ်နေပါတယ်။
သူလျှိုတွေ၊ ဒရုန်းတွေ၊ သတ္တုဖြတ်ဂေါက်တွေကိုပါ သုံးခဲ့တဲ့ ဗင်နီဇွဲလားသမ္မတကိုဖမ်းဆီးမှု
"Operation Absolute Resolve" လို့ နာမည်ပေးထားတဲ့စစ်ဆင်ရေးမှာ အမေရိကန်အထူးတပ်ဖွဲ့တွေက ခံတပ်ကြီးသဖွယ် ကြိုတင်လုံခြုံရေးပြင်ထားတဲ့ ဗင်နီဇွဲလားသမ္မတရဲ့ ခြံဝင်းထဲကို စီးနင်းပြီး သမ္မတ မာဒူရိုကို ဖမ်းဆီးမှုခဲ့ပုံကို ဖတ်နိုင်ပါပြီ။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
၂၀၂၅ မြန်မာရွေးကောက်ပွဲ
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲ - ကနဦးရလဒ်မဲဆန္ဒနယ်ပြမြေပုံညွှန်း
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲရဲ့ ကနဦးရလဒ်များကို ကြည့်နိုင်တဲ့ မြေပုံညွှန်းဖြစ်ပါတယ်။ အခုမြေပုံညွှန်းပါ ရလဒ်များဟာ ကနဦးရလဒ်များသာဖြစ်ပါတယ်။ မြေပုံကို ထောက်ရုံနဲ့ မြို့နယ်အလိုက် အနိုင်ရပါတီကို ကြည့်ရှုနိုင်ပါတယ်။
ပြည်တွင်းစစ်နောက်ခံနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ရွေးကောက်ပွဲ
ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပတဲ့ မြန်မာရွေးကောက်ပွဲရဲ့ ကန့်လန့်ကာအဖွင့်ဟာ ဗုံးသံ၊ လက်နက်သံတချို့နဲ့ စတင်ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်
နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပေါ် ကုလ လူ့အခွင့်အရေး အထူးသံ ဘယ်လိုမြင်လဲ
စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဟာ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းနဲ့နည်းနဲ့ အဖြေရှာတာမျိုးလား
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲ
အမေ(ဒေါ်အောင်ဆန်းစုကြည်) က လူကောင်း၊ သူတော်ကောင်းတစ်ယောက်မို့ အမေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ ပြောပြလို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာသေချာယုံကြည်မှု ရှိနေပါတယ်
မြန်မာရွေးကောက်ပွဲ - စစ်ဗိုလ်ချုပ်တွေနဲ့ တော်လှန်သူတွေကြားက မန္တလေး
နန်းမြို့ရိုးနောက်ခံနဲ့ စစ်သားတွေမဲထွက်ပေးကြတဲ့ ပုံရိပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အထင်ကရပုံရိပ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့်လုပ်တဲ့ရွေးကောက်ပွဲနှစ်ခုဟာ အာဏာသိမ်းမှုကြောင့် အရာရာ ခြားနားသွားခဲ့ပါပြီ။
မြန်မာနိုင်ငံသား သန်းနဲ့ချီရှိတဲ့ထိုင်းမှာ ကြိုတင်မဲပေးသူ ရာဂဏန်းသာရှိ
ထိုင်းမှာရှိနေတဲ့ မြန်မာလူဦးရေ သန်းချီနဲ့ မဲပေးသူ အရေအတွက် ရာဂဏန်းပမာဏကို နှိုင်းယှဥ်ကြည့်ရင် ထိုင်းရောက် မြန်မာအများစုကြားမှာစစ်တပ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေတာ မြင်သာပါတယ်။
ဗီဒီယို, ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားနဲ့ စိုးရိမ်မှု, ကြာမြင့်ချိန် 3,31
တော်လှန်ရေးတပ်တွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သူ တွေက စစ်တပ်ရွေးကောက်ပွဲကို မပူးပေါင်း မပါဝင်ဖို့ သတိပေးတာတွေဆက်တိုက် လုပ်နေပါတယ်။
"ကျောင်းက ဆရာမတိုင်း စိတ်ပူ သောကရောက်နေကြတယ်"
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲနီးလာလေ စိုးရိမ်သောကရောက်ရသူတွေ အများအပြားရှိနေပါတယ်။ အဲဒီထဲ မဲရုံစောင့်ကြမယ့် ပညာရေးဝန်ထမ်းတွေနဲ့ မဲပေးမယ့်မဲဆန္ဒရှင်အချို့လည်း ပါဝင်နေပါတယ်။
ရွေးကောက်ပွဲကြေညာစာတမ်းထဲက စစ်မှုထမ်းဥပဒေ
ပါတီအများစုရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာ တိုင်းပြည်ရဲ့ လူငယ်လူရွယ်ထုကြီး ပြည်ပကို ထွက်ခွာခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဖော်ပြထားတာမရှိသလောက် ဖြစ်ပါတယ်။
မြန်မာရွေးကောက်ပွဲ တရုတ်ဘာကြောင့်ထောက်ခံ
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ့် စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံတကာ ဝေဖန်မှုတွေ ရှိနေပေမယ့် အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ကတော့ ထောက်ခံသွားမယ်လို့ တရားဝင်ထုတ်ပြောပါတယ်။ တရုတ်က ဘာ့ကြောင့် မြန်မာရွေးကောက်ပွဲကို ထောက်ခံလာတာလဲ။
စစ်တပ်ရွေးကောက်ပွဲရဲ့ အပြောင်းအလဲ ၇ ချက်
စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ တကျော့ပြန်လာတဲ့ အခင်းအကျင်းမဟုတ်ဘဲ စစ်တပ်က သူ့ရဲ့ တရားမဝင်တဲ့ အာဏာချုပ်ကိုင်ထားမှုကို တရားဝင်အာဏာအသက်သွင်းတဲ့ နည်းလမ်းတစ်ခုပဲလို့ ကောက်ချက်ချမှုတွေရှိနေပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
စဉ့်ကူးကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းဒေသအပေါ် သက်ရောက်မှု
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေကိုလည်း စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲသလို မြစ်အနောက်ခြမ်းမြစ်ကမ်းဘေးတကြောနဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုပါ တပြိုင်နက်စစ်ကြောင်းထိုးနေပါတယ်။
စင်္ကာပူထက်ကျယ်တဲ့မြန်မာ့မြေရှားလုပ်ကွက်တွေ အိန္ဒိယ စိတ်ဝင်စားနေလား
တရုတ်ရဲ့ ကမ္ဘာကို မြေရှားတင်ပို့မှု တင်းကျပ်ပြီးတဲ့နောက်မှာ မြေရှားအကျပ်ဆိုက်လာတဲ့ အိန္ဒိယ က အရင်းအမြစ်အသစ်တွေကို ရှာဖွေလာပါတယ်။ အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတွေ ကချင်ပြည်နယ်အထိ ရောက်လာပြီး မြန်မာမြေရှားစံနမူနာတွေ လာယူခဲ့ရတဲ့အထိပါ။ အိန္ဒိယက မြန်မာမြေရှားကို စိတ်ဝင်စားနေတာလား။ အိန္ဒိယက မြန်မာမြေရှားယူဖို့ ဆိုရင်ရော ဖြစ်နိုင်ပါ့မလား။
မြစ်ဆုံစီမံကိန်းကို စာချုပ်ပြင်ပြီး ပြန်အသက်သွင်းဖို့ စစ်ကော်မရှင်ကြိုးပမ်း
ဆယ်စုနှစ် တစ်ခုကျော်ကြာ လူထုဆန့်ကျင်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းဖို့ စစ်ကော်မရှင်က ခြေလှမ်းပြင်နေပါပြီ။
မြန်မာမှာတွေ့တဲ့ သဘာဝဓာတ်ငွေ့ သိုက်ကြီးနဲ့ စစ်ကော်မရှင် အကျိုးအမြတ်
တနင်္သာရီကမ်းလွန်မှာ ကမ္ဘာ့ဒုတိယ အကြီးဆုံး ဖြစ်လာနိုင်မယ့် သဘာဝဓာတ်ငွေ့သိုက်ကြီး တစ်ခု တွေ့ ထားတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ထွက်ပေါ်လာပါတယ်။ တိုင်းတာတွက်ချက်မှု တွေအရ ဒီလုပ်ကွက်ဟာ ကမ္ဘာကျော် ကမ်းလွန်လုပ်ကွက် Guyana ပြီးရင် ဒုတိယမြောက် အကြီးဆုံးဖြစ်လာမယ်လို့ လုပ်ပိုင်ခွင့်ရ Canadian Foresight Group က ခန့်မှန်းထားကြောင်း စွမ်းအင်ကဏ္ဍအထူးပြုရေးသားတဲ့ Upstream သတင်းဌာနက ရေးပါတယ်။ ဒီလုပ်ကွက်ကနေ စစ်ကော်မရှင်က ဘယ်လောက် အကျိုးအမြတ်ရနိုင်မလဲ။
SRA တပ်ပေါင်းစုက တရုတ်ဖိအားကို ခုခံနိုင်ရေးလား
အာဏာသိမ်းကာလ ၅ နှစ်ပြည့်လုနီးမှာ နယ်မြေဒေသအစုံက တော်လှန်ရေးတပ်တွေ စုပေါင်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) ထွက်ပေါ်လာပါတယ်။ SRA မဟာမိတ်တပ်ပေါင်းစု ဘာကြောင့်ပေါ်ပေါက်လာလဲ။ ဒီတပ်ပေါင်းစုရဲ့ စစ်ရေး အန္တိမရည်မှန်းချက်ဘယ်လိုရှိမလဲ။