ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဓနသဟာယညီလာခံတက်နေတဲ့ တောင်အာဖရိကသမ္မတပြန်
ဗြိတိန်မှာ ဓနသဟာယညီလာခံတက်နေတဲ့ တောင်အာဖရိက သမ္မတ စီရေးလ် ရာမာဖိုဆာဟာသူ့တိုင်းပြည်မှာ အကြမ်းဖက် ဆန္ဒပြမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခရီးစဉ်ကို အတိုချုံးပြီး ပြန်သွားခဲ့ပါပြီ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဂျက်ကော့ဇူးမား ဆီကနေ အာဏာ လွှဲယူခဲ့ပြီးနောက် ဒါဟာ သူ့ရဲ့ ပထမဆုံး တက်ရောက်တဲ့ ညီလာခံ ဖြစ်ပါတယ်။
ဒီခရီးစဉ် အတွင်း တောင်အာဖရိကမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာအောင် တိုက်တွန်းဖို့ သူကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်အတွင်း နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်မှု ဆိုးရွားလာခဲ့တာပါ။
ဆန္ဒပြသမားတွေက အလုပ်အကိုင်ရရေး၊ အိမ်ယာနေထိုင်ခွင့် ရရှိရေးနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တို့ကို တောင်းဆိုခဲ့ကြပါတယ်။
လမ်းတွေကို အတားအဆီးတွေနဲ့ ပိတ်ဆို့ ၊ ကားတွေကို မီးတင်ရှို့ကာ စျေးဆိုင်တွေကိုလည်း ၀င်ရောက် လုယက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မစ္စတာ ရာမာဖိုဆာကတော့ တည်ငြိမ်မှု ရှိဖို့ လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ အမိန့်ထုတ်ထားပါတယ်။