ဟောင်ကောင်လွတ်လပ်ရေး မကြိုးပမ်းဖို့ တရုတ်သတိပေး

ဓာတ်ပုံ ရင်းမြစ်, EPA
ဟောင်ကောင်ဒေသ လွတ်လပ်ရေး ကြိုးပမ်းမှု မှန်သမျှ ကို ထိုက်တန် တဲ့ ပြစ်ဒဏ် ပေးသွားမယ်လို့ တရုတ် နိုင်ငံဘက်က ပြောကြားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ဟောင်ကောင် ဒေသန္တရ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ အများစု ရွေးကောက်ခံရပြီးနောက်မှာ တရုတ်ဘက်က အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။
ဟောင်ကောင်ဒေသ လွတ်လပ်ရေး အတွက် ပြည်တွင်းပြည်ပ ကြိုးပမ်းမှု မှန်သမျှ ကို တားဆီး သွားမယ်လို့ ဟောင်ကောင်၊ မကာအို အရေးဆိုင်ရာ တရုတ် အထူး ရုံး တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။
ဟောင်ကောင် ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့်အာဏာ ပိုမိုပေးဖို့ အငြင်းပွားမှု ကိစ္စရပ်တွေကို တရုတ် နိုင်ငံ အနေနဲ့ အဆုံးသတ်လိုပြီ ဖြစ်ကြောင်း ကျွမ်းကျင် သူတွေက ရှုမြင်နေကြပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွင်း ဟောင်ကောင် ဥပဒေပြု ကောင်စီ ရဲ့ နေရာ ၇၀ ထဲမှာ မျိုးဆက်သစ် လူငယ် အမတ်တွေ နေရာရခဲ့ပေမယ့် တရုတ်လိုလား သူ က လူများစု ဖြစ်နေဆဲ ဖြစ်ပါတယ်။




