ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဟီလာရီ ကလင်တန်

အဓိက ယှဉ်ပြိုင် ဘက် ဖြစ်ခဲ့တဲ့ ဘာနီ ဆန်းဒါး ကလည်း ဟီလာရီ ကလင်တန် ကို အဓိက ထောက်ခံသူ ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, အဓိက ယှဉ်ပြိုင် ဘက် ဖြစ်ခဲ့တဲ့ ဘာနီ ဆန်းဒါး ကလည်း ဟီလာရီ ကလင်တန် ကို အဓိက ထောက်ခံသူ ဖြစ်ခဲ့

အမေရိကန် ဒီမိုကရက်တစ် ပါတီ ရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတ လောင်း အဖြစ် ဟီလာရီ ကလင်တန် ကို ဖီလာဒဲလ်ဖီးယား ကျင်း ပနေတဲ့ ပါတီ ညီလာခံ ကနေ အတည်ပြု နိုင်ခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီ ညီလာခံကို တက်ရောက် လာကြတဲ့ ကိုယ်စားလှယ်တွေက ဟီလာရီ ကလင်တန် ကို သမ္မတလောင်း အဖြစ် အသီးသီး ထောက်ခံ ပြောကြား ခဲ့တာဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီ ပေါင်းစည်း ညီညွှတ်မှု ရှိကြောင်း ပြသတဲ့ အနေနဲ့ ပရိုင်မာရီ ရွေးချယ် ပွဲတွေ အတွင်း က အဓိက ယှဉ်ပြိုင် ဘက် ဖြစ်ခဲ့တဲ့ ဘာနီ ဆန်းဒါး ကလည်း ဟီလာရီ ကလင်တန် ကို အဓိက ထောက်ခံသူ ဖြစ်ခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ နှောင်းပိုင်းမှာ သမ္မတ ဟောင်း တစ်ဦး ဖြစ်တဲ့ ခင်ပွန်း သည် ဘေလ် ကလင်တန် ကလည်း ဟီလာရီ ကလင်တန် ကို ထောက်ခံတဲ့ အနေနဲ့ ပါတီ ညီလာခံ မှာ မိန့်ခွန်း လာရောက် ပြောကြားမှာ ဖြစ်ပါတယ်။