ဂူလန်ကို လွဲပေးဖို့ ကန်ဆီ တရား၀င် တောင်းဆိုမယ်

ဓာတ်ပုံ ရင်းမြစ်, Getty
တူရကီ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှု ပါ၀င်ပတ်သက်တဲ့သူတွေက ဒီလုပ်ရပ်ဟာ အမေရိကန် အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖာတူလာ ဂူလန် နောက်ကွယ်က ကြိုးကိုင်ခဲ့တာလို့ ပြောကြောင်း သမ္မတ အာဒို၀မ်က ဆိုပါတယ်။
အာဏာသိမ်းဖို့ ကြံစည်သူတွေက စစ်တပ် အကြီးအကဲကို ပြန်ပေးဆွဲသွားခဲ့ပြီး မစ္စတာ ဂူလန်နဲ့ ဆွေးနွေးဖို့ သွေးဆောင် စည်းရုံးခဲ့တယ်လို့ သမ္မတ အာဒိုဝမ်က ပြောပါတယ်။
မစ္စတာ ဂူလန်ကတော့ အဲဒီ အာဏာသိမ်းရန် ကြံရွယ်မှုမှာ ပါ၀င် ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။
အစောပိုင်းတုန်းကလည်း အာဏာပိုင်တွေက မစ္စတာ ဂူလန်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း နှစ်ထောင်ကျော်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန် ဆီကနေ မစ္စတာ ဂူလန်ကို လွှဲပေးဖို့ မကြာခင် တရား၀င် တောင်းဆိုမယ်လို့လည်း တူရကီက ပြောပါတယ်။




