တူရကီ လူ့အခွင့်အရေးတွေရုပ်

ဓာတ်ပုံ ရင်းမြစ်, Reuters
တူရကီမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ အတွက် ဥရောပ ကော်မရှင်ရဲ့ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်း ထားမယ်လို့ ဆိုပါတယ်။
ဒီရပ်ဆိုင်းထားမှုဟာ ယာယီသာ ဖြစ်ပြီး အရေးပေါ် အခြေအနေ ကြေညာချက်ဟာလည်း တလခွဲသာ ကြေညာထားတာ ဖြစ်တယ်လို့ ဒု၀န်ကြီးချုပ်က ပြောပါတယ်။
တူရကီမှာ အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ လူတသောင်းလောက် အဖမ်းခံ ၊ ရာထူးချ ၊ နေရာရွေ့ခံရတာတွေ ရှိပြီး ထပ်မံ ဖမ်းဆီးမှုတွေလည်း ရှိတယ်လို့သိရပါတယ်။
ကာ့ဒစ်ရှ် ဒီမိုကရက်တစ် ပါတီကတော့ သမ္မတ ရာရစ် တာရစ်ပ် အာဒိုဝမ် ဟာ အာဏာသိမ်းမှုကို အကြောင်းပြုပြီး သူ့တန်ခိုး အာဏာ ကြီးထွားလာအောင် လုပ်နေတယ်လို့ ဆိုပါတယ်။




