ယဉ်ကျေးမှု တော်လှန်ရေး အကြောင်း တရုတ်အစိုးရ ရေးသား

cultural revolution
ဓာတ်ပုံ ပုံစာ, ယဉ်ကျေးမှု တော်လှန်ရေး ကြောင့် လူ တသန်း ကျော် သေဆုံး ခဲ့ရ

ယဉ်ကျေးမှု တော်လှန်ရေး ကြောင့် ပြည်တွင်းမှာ ဆိုးဆိုးရွားရွား မတည်ငြိမ်မှုတွေ ရှိခဲ့ကြောင်း ရေးသား ထားတဲ့ ဆောင်းပါး တပုဒ် ကို ဒီကနေ့ ထုတ်ဝေတဲ့ တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာမှာ ဖော်ပြ ခဲ့ပါတယ်။

တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာ ဟာ ကွန်မြူနစ် ပါတီ ရဲ့ အဓိက သတင်းစာ ကြီး တစောင်လည်း ဖြစ်ပါတယ်။

မနေ့က တရုတ် ယဉ်ကျေးမှု တော်လှန်ရေး ရဲ့ နှစ် ၅၀ ပြည်မြောက်တဲ့ နေ့ ဖြစ်ပြီး တရုတ် ပြည်တွင်း မှာတော့ အခမ်းအနား ကျင်းပ တာတွေကို အစိုးရက ပြု လုပ် ခဲ့ခြင်း မရှိပါဘူး။

တရုတ် ခေါင်းဆောင် မော်စီတုန်း ရဲ့ ပါတီ တွင်း အာဏာချုပ်ကိုင်ဖို့ ကြိုးစားမှု အဖြစ် လုပ်ခဲ့တဲ့ ယဉ်ကျေးမှု တော်လှန်ရေး ကြောင့် လူ တသန်း ကျော် သေဆုံး ခဲ့ရသလို သန်း နဲ့ ချီ တဲ့ လူတွေကိုလည်း ဖမ်းဆီး ညှဉ်းပန်းမှု တွေ ပြုလုပ် ခဲ့ပါတယ်။