ယဉ်ကျေးမှု တော်လှန်ရေးက သမိုင်းဝင် ပစ္စည်းတွေ

ယဉ်ကျေးမှု တော်လှန်ရေးမှာ သုံးစွဲခဲ့တဲ့ ပစ္စည်းတွေကို အမှတ်တရ လေ့လာနိုင်ပါတယ်။

မော်စီတုန်းရဲ့ စာအုပ်နီလေး
ဓာတ်ပုံ ပုံစာ, မော်စီတုန်းရဲ့ စာအုပ်နီလေးဟာ လူထုကို ဝါဒဖြန့်ရာမှာ အဓိကသုံးခဲ့တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ အချိန်တိုင်းလက်ထဲမှာ ရှိနေရ သွားလေရာဆောင်ထားရပြီး အထဲက စာသားတွေကို နှုတ်တိုက်ရွရွ ရနေအောင်လုပ်ထားရတဲ့ အတွက် တခြား ဘယ်လိုအတွေးအခေါ်မှ ခေါင်းထဲ မဝင်နိုင်စေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီထဲမှာ ဥက္ကဌကြီး မော်ရဲ့ အဆိုအမိန့် ၄၂၇ ခုပါပါတယ်။ အကြောင်းအရာတွေကလည်း ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ဝါဒ၊ လူတန်းစားတိုက်ပွဲ၊ အမျိုးသမီး၊ လူငယ် နဲ့ အနုပညာစသဖြင့် ကဏ္ဍ ၃၃ မျိုး ပါဝင်ပါတယ်။ အစည်းအဝေးတွေ၊ ရှုတ်ချပွဲတွေ၊ ကျောင်းသင်္ခန်းစာတွေကို ဒီစာအုပ်နီလေးထဲက ကိုးကားချက်တွေနဲ့ စပြီး ဖွင့်လေ့ရှိပါတယ်။
မော်စီတုန်းရဲ့ စာအုပ်နီလေးကို လေ့လာနေကြသူများ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပီကင်းတက္ကသိုလ်က ပါမောက္ခ ဂျီရှန်လင်း ၁၉၆၈-၆၉ ခုနှစ်တုန်းက အလုပ်ကြမ်း စခန်းတစ်ခုမှာ သူတွေ့ခဲ့ရတာကို ခုလို ပြန်ပြောပြပါတယ်။ "မနက်တိုင်း အလုပ်မစခင် ဥက္ကဌကြီးမော်ရဲ့ အဆိုအမိန့်တစ်ခုကို အလွတ်ကျက်ရတယ်၊ အစောင့်တစ်ယောက်ယောက်က အချိန်မရွေးရောက်လာပြီး အလွတ်ဆိုခိုင်းတယ်၊ နည်းနည်းလေး မှားတာနဲ့ ပါးရိုက်ခံရတယ်၊ တစ်ခါတစ်လေ ဒီထက်ဆိုးတဲ့ ပြစ်ဒဏ်ခံရတယ်။ ရူပဗေဒ ပါမောက္ခအိုကြီး တစ်ယောက်ဆို မေ့မေ့သွားတာနဲ့ အညိုအမဲစွဲအောင် အရိုက်ခံခဲ့ရပါတယ်။" (နွားတင်းကုတ် အမှတ်တရ၊ ဂျီရှင်လင်း၊ ၁၉၈၈) ဒီပုံမှာတော့ မော်စီတုန်းရဲ့ စာအုပ်နီလေးကို လေ့လာနေကြသူများကို တွေ့နိုင်ပါတယ်။
မော်စီတုန်းရဲ့ စာအုပ်နီကလေးထဲမှာ လင်ဗြောင်ရဲ့ အမည်ကို ကြက်ခြေခတ်ထားပုံ
ဓာတ်ပုံ ပုံစာ, ၁၉၆၄ က ၁၉၇၆ ခုနှစ်အတွင်း စာအုပ်နီကလေးပေါင်း သန်းငါးထောင်ကျော် ကို ဘာသာစကား ၄၀ လောက်နဲ့ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာပြီးရင် ဒုတိယအများဆုံး ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်ပါ။ မာရှယ်လင်ဗြောင်က သူ့ ရည်မှန်းချက် နဲ့သူ စာအုပ်နီကလေး ကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၁ မှာ သူ ပါတီကထုတ်ခံရတဲ့အခါမှာတော့ လူတွေက စာအုပ်ထဲပါတဲ့ သူ့နာမည်ကို ကြက်ခြေခတ် ခြစ်ပြီး ဘယ်သူ့ဖက်မှာ ရပ်တယ်ဆိုတာ ပြခဲ့ကြရပါတယ်။
မော်စီတုန်း အထိမ်းအမှတ်ရင်ထိုး
ဓာတ်ပုံ ပုံစာ, မော်စီတုန်း ရင်ထိုးတွေဟာ သူ့အပေါ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေရဲ့ အတိုင်းအဆကို ပြနေကြပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းက ဒီလိုရင်ထိုးပေါင်း သန်း နှစ်ထောင်လောက်ထုတ်ဝေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၉ ခုနှစ်မှာ မော်စီတုန်းက သူ အလူမီနီယမ်သတ္တုတွေကို လေယာဉ်ပျံတွေလုပ်တဲ့နေရာမှာ သုံးဖို့လိုတယ်လို့ ပြောလိုက်အပြီးမှာတော့ ရင်ထိုးထုတ်တာတွေ လျော့သွားခဲ့ပါတယ်။
ဝါဒဖြန့် ပိုစတာတစ်ခု
ဓာတ်ပုံ ပုံစာ, မော်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုက စာအုပ်နီနဲ့ ရင်ထိုးတံဆိပ်တွေထက် ပိုပါတယ်။ အိမ်တွေ၊ ကျောင်းတွေ၊ အစည်းအဝေးခန်း၊ စက်ရုံ၊ ရုံးတွေမှာ ဝါဒဖြန့် ပိုစတာတွေ နေရာတကာ တွေ့ရပါတယ်။ ဒီပိုစတာတွေ ထိပ်နဲ့ အလယ်မှာ မော်ရဲ့ ပုံတွေ တွေ့နိုင်ပါတယ်။ ဒီပိုစတာမှာတော့ ဥက္ကဋ္ဌကြီးမော် သက်တော်ရှည်ပါစေလို့ ရေးထားပါတယ်။ လူတွေက ဒီပိုစတာတွေ ရှေ့သွားပြီး မော်ကို သစ္စာရှိကြောင်း တိုင်တည်ကြသလို ကြွေးကြော်သံတွေ တိုင်တည်ပြီး စာအုပ်နီတွေ ဝေ့ယမ်းကြပါတယ်။
လူငယ်အဖွဲ့ လက်ပတ်
ဓာတ်ပုံ ပုံစာ, တပ်နီတော်လို့ ခေါ်တဲ့ လူငယ်အဖွဲ့တွေရဲ့ လက်ပတ်တခု ဖြစ်ပါတယ်။ ၁၉၆၆ နွေရာသီကစပြီး ဘေဂျင်းမြို့တော်က ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ဒီလူငယ်အဖွဲ့တွေ စဖွဲ့ပါတယ်။ မကြာခင် တရုတ်တပြည်လုံးကို ဒီလူငယ်တွေ ရောက်သွားပါတယ်။ ဒီတပ်နီတွေက သူတို့ကိုယ်သူတို့ ဘူဇွာတွေကို ခုခံနေတဲ့ ဥက္ကဋ္ဌမော်နဲ့ တကွ ပစ္စည်းမဲ့ တပ်သားတွေရဲ့ ကာကွယ်သူလို့ ယူဆထားတာပါ။
တပ်နီ လူငယ် အမျိုးသမီး တယောက်က မော်စီတုန်းကို လက်ပတ်ချည်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်နီတွေကို အားပေးတဲ့ မော်စီတုန်းက တီယန်နန်မင် ရင်ပြင်မှာ ၃ လ အတွင်း ၈ ကြိမ်တိုင်တိုင် သူတို့ချီတက်ပွဲတွေကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ဘေဂျင်းမြို့တော် လမ်းမကြီး တခုပေါ်က တပ်နီ ချီတက်ပွဲမှာ မော်ရဲ့ ပုံကိုင်ဆောင် ချီတက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မော်ရဲ့ ထောက်ခံမှုနဲ့ တပ်နီတွေက အာဏာပိုင်တွေ၊ ဆရာတွေ၊ ပညာတတ်တွေကို တန်ပြန် တော်လှန်ရေး သမားတွေ အဖြစ် ဆန့်ကျင် ဆန္ဒပြပွဲကြီးတွေ ကျင်းပခဲ့ပါတယ်။ အစဉ်အလာအရ နိုင်ငံ့ရန်သူဖြစ်တဲ့ မြေရှင်၊ အရင်းရှင်တွေကိုလည်း ဖမ်းဆီး ညှဉ်းပန်းခဲ့လို့ အများအပြား သေဆုံးခဲ့ရပါတယ်။
နံရံပေါ်တွင် ကပ်ထားသော ပိုစတာများကို ဖတ်နေသောလူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စာလုံးကြီးတွေနဲ့ ရေးထားတဲ့ ပိုစတာတွေကို ချိတ်ဆွဲပြီး ဝါဒဖြန့် တာဟာ ကွန်မြူ နစ်တွေ တရုတ်ပြည်မှာ အာဏာရကတည်းက လုပ်လေ့ရှိပြီး ယဉ်ကျေးမှု တော်လှန်ရေး အတွင်းမှာ အများဆုံး တွေ့ရပါတယ်။
လူထုစည်းဝေးပွဲ တစ်ခု - Bridgeman Images

ဓာတ်ပုံ ရင်းမြစ်, Other

ဓာတ်ပုံ ပုံစာ, အရင်းရှင် နောက်လိုက်၊ ဘူဇွာ ပညာတတ်တွေနဲ့ လူဆိုးလို့ ယူဆခံရသူတွေကို ရှုတ်ချပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒီလူတွေ လည်ပင်းမှာ စာတမ်းတွေ ချိတ်ဆွဲပြီး ခေါင်းငုံ့ခိုင်းပြီး လက်ကို နောက်က ချုပ်ကိုင်ထားပါတယ်။ အော်ဟစ် ကြွေးကြော်တာ၊ စစ်ဆေး ရိုက်နှက်တာ စတဲ့ နည်းမျိုးစုံနဲ့ ညှဉ်းပန်း ခံရပြီး ဒီလို ရှုတ်ချခံရသူ အများအပြား သေဆုံးခဲ့ရပါတယ်။
နွားတင်းကုပ် မှတ်တမ်းများ
ဓာတ်ပုံ ပုံစာ, ပါမောက္ခ ဂျီရှန်လင်းက ၁၉၉၈ မှာ နွားတင်းကုပ် မှတ်တမ်းများဆိုတဲ့ စာအုပ်ရေးခဲ့ပါတယ်။ ၁၉၆၈ က ၁၉၆၉ အတွင်း အလုပ်ကြမ်း စခန်းတခုမှာ သူ့ကို တန်ပြန် တော်လှန်ရေး သမားဆိုပြီး ပထုတ်ခံရပြီးနောက် သူကြုံခဲ့ရတဲ့ ကြောက်စရာ ဖြစ်ရပ်တွေကို မှတ်တမ်း တင်ထားတာပါ။ ငတ်မွတ် ဆာလောင်မှု၊ ညှဉ်းပန်း စစ်ဆေးမှု၊ ကြောက်လန့်မှု တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘဝ ဖြစ်ရပ်တွေကို သွေးတွေ မျက်ရည်တွေနဲ့ ရေးခဲ့တာပါလို့ သူက ဆိုပါတယ်။
စစ်တပ်သုံးရေဗူးနှင့် စစ်စိမ်းအိတ်
ဓာတ်ပုံ ပုံစာ, ယဉ်ကျေးမှု တော်လှန်ရေး အတွင်း ကျောင်းတွေ၊ တက္ကသိုလ်တွေကို စစ်ကျောင်းတွေလို ဖန်တီးထားတာမို့ ကျောင်းသား တွေဟာ ချီတက်ပွဲတွေမှာ စစ်သုံး ရေဗူးတွေနဲ့ စစ်ကျောပိုးအိတ် အစိမ်း တွေကို ယူဆောင်သွားလေ့ ရှိပါတယ်။
တပ်နီလူငယ်တွေ ဘေဂျင်းလမ်းမပေါ်မှာ စာအုပ်နီတွေ ဝှေ့ယမ်းနေပုံ - Jean Vincent/AFP

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၁၉၆၈ ခုထိ ကျောင်းတွေ ပုံမှန် ပြန်မဖွင့်နိုင်ဘဲ စက်ရုံတွေလည်း မလည်ပတ်နိုင် ဖြစ်နေပါတယ်။ တပ်နီ အချင်းချင်း ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာလို့ မော်စီတုန်းနဲ့ နီးစပ်သူတွေက သူတို့ကို ဒုက္ခပေးသူတွေလို့ မြင်လာပြီး နယ်တွေ ပို့ပစ်ခဲ့ပါတယ်။ လူငယ် ၁၆ သန်းကို ကျေးလက်နဲ့ တပ်လယ်တောတွေကို ပို့ပြီး လယ်လုပ်ခိုင်းခဲ့ပါတယ်။
ဘာသာရေးအထိမ်းအမှတ် များကို ဖျက်ဆီးခြင်း - AP

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဟန်ကျိုးမြို့ လင်ယန် ဘုရားကျောင်းက မတ်ရပ် ဗုဒ္ဓ ရုပ်ပွားတော် တဆူမှာ လောကဟောင်းကို ဖျက်ဆီးကြ၊ လောကသစ်ကို စကြ ဆိုတဲ့ စာတမ်းတွေ ချိတ်ဆွဲ ထားပါတယ်။
'အမျိုးသမီး တို့ရဲ့ နီရဲတဲ့ စွန့်ခွာမှု'ခေတ်မီ တော်လှန်ရေး ဘဲလေး ကဇာတ်၊ ၁၉၇ဝ ထုတ် ပို့စကတ်ကပုံ -Sovfoto/UIG via Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၆ က ၁၉၇၆ ထိ တရုတ်ပြည်သူတွေ ကြည့်နိုင်တဲ့ တော်လှန်ရေး အော်ပရာ ပြဇာတ် ၈ ခုပဲ ရှိပါတယ်။ ဒီပြဇာတ် ကတော့ 'အမျိုးသမီး တို့ရဲ့ နီရဲတဲ့ စွန့်ခွာမှု' ဆိုတဲ့ ဇာတ်ပါ။