ဆီးရီးယား ဒုက္ခသည်ရေး ဂျီနီဗာမှာ စည်းဝေး

syria refugee

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဆီးရီးယားထွက်ပြေး လာကြတဲ့ ဒုက္ခသည် တွေ

ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ဆီးရီးယား ဒုက္ခသည်တွေကို ပိုပြီး ကြိုဆို သင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြား လိုက်ပါတယ်။

လူလူချင်း စာနာမှု ကို ပြတဲ့ အနေနဲ့ ဒီဒုက္ခသည်တွေကို ပိုမို လက်ခံ ပေးကြဖို့ ဘန်ကီမွန်က တောင်းဆိုခဲ့ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်က ထွက်ပြေး လာကြတဲ့ ဒုက္ခသည် ၅ သန်း ထဲက လူ ၅ သိန်း ကို ရွှေ့ပြောင်း နေရာချ ထားရေး အတွက် ဂျီနီဗာ မှာ ကျင်းပ တဲ့ အစည်းအဝေး ဖွင့်ပွဲမှာ သူက ပြောကြား လိုက်တာပါ။

ဒီလူ အများစုက အနီးအနား နိုင်ငံတွေက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရတာပါ။

ဒီ ဒုက္ခသည်တွေဟာ တရက်မှာ ကျောင်းသား၊ ပါမောက္ခ ၊ အလုပ်သမား စတဲ့သူတွေ ဖြစ်လာနိုင်လို့ သူတို့ကို မခွဲခြား သင့်ဘူးလို့ မစ္စတာ ဘန်ကီမွန်က ဆိုပါတယ်။