ဆီးရီးယား က ရုတ်သိမ်း လာတဲ့ ရှရှားလေယာဉ် တချို့ အိမ်ပြန် ရောက်ပြီ

russia_forces_air

ဓာတ်ပုံ ရင်းမြစ်,

ဓာတ်ပုံ ပုံစာ, ရုရှား တို့ရဲ့ ဆုံးဖြတ် ဆောင်ရွက်ချက် အပေါ် အနောက် နိုင်ငံ တွေကတော့ သတိနဲ့ ကြိုဆို နေကြပါတယ်။

ဆီးရီးယား နိုင်ငံ ကနေ တပ်ပြန်ရုတ် လာတဲ့ ရုရှား လေယာဉ်ပျံ တွေရဲ့ ပထမဆုံး အသုတ် ရုရှား အခြေစိုက် စခန်းတွေဆီ ပြန်ရောက် လာကြပြီ ဖြစ်ပါတယ်။

ရုရှား ရဲ့ ဆီးရီးယား နိုင်ငံထဲ စစ်ရေး ပါဝင် ဆောင်ရွက်မှု ရဲ့ အဓိက ရည်မှန်းချက် ပြည့်မီ သွားခဲ့ပြီ ဖြစ်လို့ ရုရှား တပ်တွေ ရုတ်သိမ်း တော့မယ်လို့ သမ္မတ ဗလာဒီမီယာ ပူတင်က မမျှော်လင့်ဘဲ ကြေညာခဲ့ အပြီး နောက်တစ်နေ့ မှာပဲ အခုလို ရုရှားတပ်တွေ စတင် ဆုတ်ခွာလာ ကြတာ ဖြစ်ပါတယ်။

အခုလို ရုရှား တပ်တွေ ပြန်ရုတ် သိမ်းတာဟာ ဆီးရီးယားနဲ့ အကြား အက်ကြောင်းတွေ ရှိခဲ့ပြီလို့ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိနေပေမယ့် ရုရှား သမ္မတရုံးက ပယ်ချလိုက်ပြီး အခုလို ဆောင်ရွက်ဖို့ကို နှစ်ဘက် သဘောတူပြီး လုပ်ဆောင်တာလို့ ပြောပါတယ်။

ရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီးက တော့ အကြမ်းဖက် သမားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကို ဆီးရီးယား နိုင်ငံထဲ ဆက်လုပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဆီးရီးယားထဲ နေရာချထား ခဲ့တဲ့ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေလည်း ကျန်ရှိ နေပါသေးတယ်။

အခုလို ရုရှား တို့ရဲ့ ဆုံးဖြတ် ဆောင်ရွက်ချက် အပေါ် အနောက် နိုင်ငံ တွေကတော့ သတိနဲ့ ကြိုဆို နေကြပါတယ်။

အခုလို ရုရှားတပ် တွေ ပြန်ရုတ် သွားတဲ့ အတွက် ဆီးရီးယား အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာဖို့ ဖိအားပေးရာ ရောက်စေ နိုင်တယ်လို့ လည်း သုံးသပ် နေကြပါတယ်။