မြောက်ကိုးရီးယား စစ်ဦးစီးချုပ်သစ် ခန့်

North Korea

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကင်မ်ဂျုံအန်း နဲ့ ယခင် စစ်ဦးစီးချုပ်

မြောက်ကိုးရီးယားနိုင်ငံက အစိုးရမီဒီယာရဲ့ ဖော်ပြချက်အရ စစ်ဦးစီးချုပ်အသစ် ခန့်ထားလိုက်ပြီလို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့လက တောင်ကိုးရီးယားက လာတဲ့သတင်းတွေအရ ယခင် စစ်ဦးစီးချုပ် ရီယုံဂေးလ်ကို အဂတိလိုက်စားမှု၊ နိုင်ငံရေးအုပ်စုဖွဲ့မှုတွေနဲ့ ကွပ်မျက်ခဲ့ပါတယ်။

အဲဒီကွပ်မျက်မှုအပေါ် မြောက်ကိုးရီးယားက ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် ဒီနေ့မှာတော့ အစိုးရမီဒီယာမှာ စစ်ဦးစီးချုပ်အဖြစ် ရီမြောင်ဆု နာမည်ကို ဖော်ပြပါတယ်။

မြောက်ကိုးရီးယားမှာ ၂၀၁၁ ခုနှစ် ကင်မ်ဂျုံအန်း အာဏာရလာကတည်းက ဒါဇင်နဲ့ချီတဲ့ အရာရှိတွေကို ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုးရီးယားဘက်က ယုံကြည်ထားပါတယ်။