ကမ္ဘာ့ ရေနံစျေး အနိမ့်ဆုံး ထိုးကျ

ဓာတ်ပုံ ရင်းမြစ်, AP
ကမ္ဘာ့ ရေနံစျေး ၁၂ နှစ် နီးပါး အတွင်း အနိမ့်ဆုံးထိ ထိုးကျ နေပါတယ်။
အမေရိကန် လောင်စာဆီ ပမာဏ မြင့်တက်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဘရန့် ရေနံစိမ်း တစည်ကို ဒေါ်လာ ၃ဝ အောက်ထိ ပြုတ် ကျ သွားခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ် ကတည်းက ရေနံစျေးကွက် အကျပ်ဆိုက် နေခဲ့တာပါ။
ဒါကြောင့် တရုတ် စီးပွားရေး အခြေအနေ မကောင်းလို့ တရုတ် ဘက်က ဝယ်လိုအား ကျဆင်း နေသလို အမေရိကန် ရဲ့ ထုတ်လုပ်မှု ကလည်း မြင့်မား လာခဲ့ပါတယ်။
ဒီသတင်းတွေ ထွက်လာပြီးနောက် အမေရိကန် စတော့ စျေးကွက် တွေလည်း ထိုးကျ သွားပါတယ်။
အဓိက ရှယ်ယာစျေးကွက် ၃ ခုမှာ ၂ ရာခိုင်နှုန်းကျော် ကျဆင်းပြီး စျေးပိတ် သွားခဲ့တာပါ။




