အိုပက် အဖွဲ့က ရေနံ ထုတ်လုပ်မှု လျှော့ချမှာ မဟုတ်

ဓာတ်ပုံ ရင်းမြစ်, AP
ကမ္ဘာ့ ရေနံစိမ်း စျေးနှုန်း မြင့်တက်ဖို့ အတွက်ဆိုပြီး သူတို့ရဲ့ ရေနံ ထုတ်လုပ်မှု ပမာဏကို လျှော့ချမှာ မဟုတ်ဘူး လို့ ရေနံရောင်း နိုင်ငံတွေ စုပေါင်းဖွဲ့ထားတဲ့ OPEC အဖွဲ့က ပြောပါတယ်။
OPEC အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ် ၁၂ ဦးတို့၊ ၅ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ အပြီး အခုလို ဆုံးဖြတ်ချက် ထွက်ပေါ် လာတာပါ။
အရင်တုန်းကတော့ ရေနံစျေးကို ထိန်းနေကျ ဖြစ်တဲ့ ဆောက်ဒီ အာရေးဗျား နိုင်ငံကလည်း၊ ကျန် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ရေနံ ထုတ်လုပ်မှု လျှော့ မချရင် သူတို့ တစ်နိုင်ငံထဲ ကနေ မလျှော့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
ဒီ ကြေညာချက် ထွက်ပေါ်လာ အပြီးမှာပဲ၊ ကမ္ဘာ့ ရေနံ စျေးနှုန်းဟာ ၄ နှစ် အတွင်း အနိမ့်ဆုံးကို ကျဆင်း သွားပါတယ်။




