ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီလို့ မြောက်ကိုရီးယား ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူတို့မှာ ဟိုဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားပြီ ဆိုတဲ့ သဘောမျိုး ပြောခဲ့တဲ့ စကားကို မြောက်ကိုရီးယား သတင်း မီဒီယာကနေ ထုတ်လွှင့် သွားခဲ့ပါတယ်။
ကင်ဂျုံအန်းက မြောက်ကိုရီးယား အနေနဲ့ ကိုယ်တိုင်လုပ် အနုမြူဗုံးနဲ့ ဟိုက်ဒရိုဂျင်ဗုံး တွေကို ပစ်လွှတ်ဖို့ အသင့်ပဲလို့ ပြောသွားတာကို KCNA သတင်းဌာနက ထုတ်လွှင့် ခဲ့တာပါ။
ဒါပေမယ့် မြောက်ကိုရီးယားမှာ တကယ်ပဲ ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီလား ဆိုတာကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို၊ ကျွမ်းကျင်သူတွေ ကလည်း သံသယ ရှိနေကြပါတယ်။
ပြုံယမ်းက စစ်တပ်ဆိုင်ရာ သမိုင်းဝင် နေရာ တစ်ခုမှာ စစ်ဆေးစဉ် ကင်ဂျုံအန်းက အဲဒီစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက နျူ လက်နက် ပစ်လွှတ်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး အရင်က ထုတ်ဖော် ပြောခဲ့တာတွေ ရှိပေမယ့် ဟိုက်ဒရိုဂျင်ဗုံးနဲ့ ပတ်သက်ပြီး ပြောဆိုတာကတော့ အခု ပထမဆုံး ဖြစ်ပါတယ်။
မြေအောက် နျူလက်နက် စမ်းသပ်မှု ၃ ကြိမ်ကို မြောက်ကိုရီးယားက အရင်က ပြုလုပ်ခဲ့ဖူး ပေမယ့် ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားပြီ ဆိုတာကိုတော့ ကျွမ်းကျင်သူတွေက သံသယ ရှိနေကြပါတယ်။




