ဆိုမာလီမှာ ကားဗုံးပေါက်လို့ လူ ၁၅ ဦးသေဆုံး

သေဆုံးခဲ့သူတွေ ထဲမှာ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပြီး ဆိုမာလီ တပ်မတော်က ဗိုလ်ချုပ်ကြီး အဗ်ဒီကာ အင်မ် ဒါဂါဘာဒန် လည်း သေဆုံးခဲ့ပါတယ်။
ဟိုတယ်ပိုင်ရှင် ဖြစ်သူနဲ့ လွတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း အဆိုပါ ကားဗုံး တိုက်ခိုက် ခံရမှုကြောင် သေဆုံးသွားခဲ့ပါတယ်။
အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ အယ်လ် ရှာဘတ် အဖွဲ့က တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။
စစ်သွေးကြွတွေ ထိန်းချုပ်ခဲ့တဲ့ ဟိုတယ် ကို ပြန်လည် သိမ်းပိုက် နိုင်ပြီ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောကြားပါတယ်။




