သူပုန်တွေဝင်စီးထားတဲ့ ဆိုမာလီယာမြို့တော်က ဟိုတယ်မှာ တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်,
ဆိုမာလီယား နိုင်ငံ မိုဂါဒစ်ရှူး မှာ အယ်လ် ရှာဘတ် လက်နက်ကိုင် တွေ ဝင်ရောက် စီးနင်းထားတဲ့ ဟိုတယ် ကို ပြန်လည် ထိန်းချုပ် နိုင်ဖို့ ဆိုမာလီ အစိုးရတပ် တွေ တိုက်ခိုက် နေကြပါတယ်။
Maka al Mukarama ဟိုတယ် မှာ ဖြစ်ပေါ်ခဲ့ တဲ့ ပစ်ခတ်မှု တွေ အတွင်း ဆွစ်ဇာလန် နိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ် အပါအဝင် လူ ၁၀ ဦး သေဆုံး ခဲ့ပါတယ်။
ဂျာမနီ နိုင်ငံ ဆိုင်ရာ ဆိုမာလီယာ သံအမတ် နဲ့ တခြား သံတမန် တွေ ကတော့ ပြတင်းပေါက် တွေ ကတဆင့် ခုန်ချရင်း လွတ်မြောက် ခဲ့ကြ ပါတယ်။
နောက်ဆုံး ရထား တဲ့ သတင်းတွေ အရ ဆိုရင် အမေရိကန် က လေ့ကျင့် ပေး ထားတဲ့ ဆိုမာလီ အထူး တပ်ဖွဲ့ တွေ ဟာ ဟိုတယ် ရဲ့ တချို့ အစိတ် အပိုင်း တွေ ကို ပြန်လည် သိမ်း ပိုက် နိုင်ခဲ့ပြီး၊ အယ် ရှာဘတ် လက်နက်ကိုင် တွေ ကတော့ ဟိုတယ် ရဲ့ အပေါ် ထပ် တွေ နဲ့ ခေါင် မိုး တို့မှာ နေရာ ယူထားပြီး လက်ပစ်ဗုံး တွေ ၊ သေနတ် တွေ နဲ့ တိုက်ခိုက် နေတယ် လို့ ဆိုပါတယ်။




