ရုရှား​အကူအညီ​နဲ့ ဆီး​ရီး​ယား​တပ် ထိုး​စစ်​သစ် စတင်

_free_syria_army_fighters_

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အလက်ပို တောင်ဘက် ပိုင်းက သူပုန် တွေ ထိုးစစ်ဒဏ် ခံနေရ။

ဆီးရီးယား အစိုးရတပ် တွေ ဟာ ရုရှား ရဲ့ လေကြောင်း တိုက်ခိုက် မှု အပါအဝင် တခြား မဟာမိတ် လက်နက်ကိုင် တွေ ရဲ့ အကူအညီ တွေ နဲ့ အလက်ပို မြို့ တောင်ဘက် ပိုင်း မှာ သူပုန် တွေ အပေါ် ထိုးစစ် အသစ် တစ်ရပ် စတင် ပြုလုပ် လာပါတယ်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့ တွေဟာ နယ်မြေ တချို့ သိမ်း နိုင်ခဲ့တယ် လို့ ဆိုပေမယ့် သူပုန် တွေ ကလည်း အပြင်းအထန် ပြန်လည် ခုခံ နေကြ ပါတယ်။

ဆီးရီးယား ထဲမှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ် ကတည်းက ရုရှား က လေကြောင်း တိုက်ခိုက် မှု တွေ စတင် လုပ်ဆောင် လာခဲ့တဲ့ နောက် ဆီးရီးယား အစိုးရ စစ်တပ် ကလည်း သူပုန် တွေ ကို မြေပြင် ထိုးစစ် တွေ အကြိမ်ရေ တော်တော် များများ ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

အလက်ပို မြို့ နဲ့ အတူ မြို့ ပတ်ချာလည်က နယ်မြေ တွေ ကို ဆီးရီးယား အစိုးရတပ်၊ အစိုးရ ကို ဆန့်ကျင် နေတဲ့ သူပုန် အုပ်စုတွေ နဲ့ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ တို့က အသီးသီး ပိုင်းခြား ထိန်းချုပ် ထားကြတာ ဖြစ်တယ်။