ထိုင်း ရွေးကောက်ပွဲ ၂ နှစ်အတွင်း ပြုလုပ်ဖွယ်မရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်း နိုင်ငံမှာ လာမယ့် ၂ နှစ် အတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖို့ မျှော်လင့် မထားဘူးလို့ ထိုင်း စစ်အစိုးရက ပြောလိုက် ပါတယ်။
ပြီးခဲ့တဲ့ နှစ်က စစ်တပ် အာဏာသိမ်းချိန်မှာ ရွေးကောက်ပွဲကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ပြုလုပ် ပေးမယ်လို့ ကနဦး ကတိပြု ခဲ့တာပါ။
အခြေခံ ဥပဒေသစ် မူကြမ်း ရေးဆွဲဖို့ ကြိုးပမ်းချက်ကို အခုလ အစောပိုင်းက ပယ်ဖျက် ခဲ့ပြီးနောက် ဒီမိုကရေစီ တည်ဆောက်ရေး လမ်းပြ မြေပုံကို စစ်အစိုးရက ချပြခဲ့ပါတယ်။
အခုတော့ အခြေခံ ဥပဒေသစ် မူကြမ်း ရေးဆွဲဖို့ လုပ်ဆောင်ချက်တွေ ပြန်လည် စတင်မှာ ဖြစ်ပြီး လာမယ့်နှစ်မှာ လူထု ဆန္ဒ ခံယူဖို့ အစီအစဉ် လုပ်ထားပါတယ်။
အဲဒါတွေ အပြီး နောက်တစ်နှစ်ကျမှ ရွေးကောက်ပွဲ ပြုလုပ်ကောင်း ပြုလုပ်နိုင်ဖွယ် ရှိပါတယ်။




