နယ်စပ် ထိန်းချုပ်တဲ့ အီးယူနိုင်ငံတွေ တိုးလာ

ဓာတ်ပုံ ရင်းမြစ်, AFP
ရွှေ့ပြောင်း ဝင်ရောက်သူတွေကို တားဆီးဖို့ အတွက် ဥရောပ နိုင်ငံတွေ အကြား နယ်စပ် ထိန်းချုပ်မှုတွေ လုပ်ဆောင်တဲ့ အီးယူ နိုင်ငံတွေ ထပ်တိုး လာနေပါတယ်။
သြစတြီးယား နိုင်ငံက ဟန်ဂေရီနဲ့ နယ်စပ်ကို ထိန်းချုပ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်လို့ ပြောပါတယ်။
ဂျာမနီက သြစတြီးယားနဲ့ နယ်စပ်ကို ထိန်းချုပ်မှုတွေ လုပ်ခဲ့ပြီးနောက် သြစတြီးယားကလည်း အခုလို ပြောလိုက်တာပါ။
နယ်သာလန်၊ စလိုဗက်ကီးယားနဲ့ ပိုလန် နိုင်ငံတွေကလည်း သူတို့ရဲ့ နယ်စပ်တွေ ထိန်းချုပ်ဖို့ ကြေညာခဲ့ပါတယ်။
ဥရောပ ပြည်ထဲရေး ဝန်ကြီးတွေကတော့ ရွှေ့ပြောင်းသူ အရေးကို ဖြေရှင်းဖို့အတွက် ဘရပ်ဆဲလ်မြို့မှာ အရေးပေါ် အစည်းအဝေး လုပ်နေကြပါတယ်။
ဂျာမနီကို အဓိက ဦးတည် ဝင်ရောက် နေတဲ့ ရွှေ့ပြောင်းသူတွေကြောင့် အီးယူ နိုင်ငံတွေ အကျပ်အတည်းနဲ့ ရင်ဆိုင် နေကြရတာ ဖြစ်ပါတယ်။




