ကြွေး​မြီ​သစ် အစီ​အစဉ်​တွေ ဂ​ရိ လက်မ​ခံ​ဖို့ ဆုံးဖြတ်

greece_bailout_referendum
ဓာတ်ပုံ ပုံစာ, မဲဆန္ဒ ရှင် ၆၀ % ကျော် ဟာ မြီရှင် တွေ ဆီ က ကြွေးသစ် တွေ နဲ့ သူတို့ တောင်းဆို ထားတဲ့ ကန့်သတ် မှု တွေ ကို လက်မခံ ဖို့ ဆန္ဒ ပြု ခဲ့ ကြ။

ဂရိ ရဲ့ ဘဏ်တွေ ကို ထပ်မံ ကယ်ဆယ် ဖို့ နိုင်ငံတကာ မြီရှင် တွေ က ကမ်းလှမ်း ထားတဲ့ အစီအစဉ် သစ် အကြံ ပြုချက် တွေ အပေါ် ဂရိ ပြည်သူ တွေ က ပြတ်ပြတ် သား သား ငြင်းပယ် လိုက် ကြ ပါတယ်။

တနင်္ဂနွေ နေ့ ဂရိ လူထု ဆန္ဒ ခံယူ ပွဲ ရဲ့ မဲရုံ ၃ ပုံ ၂ ပုံ ကျော် ကနေ ထွက်လာ တဲ့ အဖြေ တွေ အရ မဲဆန္ဒ ရှင် ၆၀ % ကျော် ဟာ မြီရှင် တွေ ဆီ က ကြွေးသစ် တွေ နဲ့ သူတို့ တောင်းဆို ထားတဲ့ ကန့်သတ် မှု တွေ ကို လက်မခံ ဖို့ ဆန္ဒ ပြု ခဲ့ ကြ ပါတယ်။

မဲ မပေးခင် ကောက် ခံ ကြည့် ခဲ့တဲ့ သဘောထား စစ်တမ်း တွေ မှာ တွေ့ ခဲ့ ရတာ ထက် ရာခိုင်နှုန်း ပိုပြီး ပြတ်ပြတ်သားသား ငြင်းပယ် ခဲ့ ကြ တာ ဖြစ်ပါတယ်။

အခု ဆိုရင် ကြွေးသစ် လက်မခံ ရေး ကို လိုလား ကြသူ တွေ ဟာ မြို့တော် အေသင်ရဲ့ ပါလီမန် အဆောက်အဦ ရှေ့ မှာ ဂရိ အလံ တွေ ကို ဝှေ့ရမ်း ပြီး အောင် ပွဲ ခံနေ ကြ ပါတယ်။

အခု ရလာဒ် ဟာ ဂရိ အနေနဲ့ ဥရောပ ကို ဆန့်ကျင် တယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပဲ၊ ဂရိ ရဲ့ ကြွေးမြီ ပြဿနာ ကို တကယ် ကြေလည် နိုင်မယ့် အဖြေ ရှာဖို့ ဂရိ လူထု က သူ့ အပေါ် တာဝန် လွှဲပေး တဲ့ သဘော ဖြစ်တယ် ဆိုပြီး ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် က ပြောပါတယ်။

ကြွေးမြီ သစ် ကမ်းလှမ်း ချက် တွေ ကို လက်ခံ ဖို့ ဆော်ဩ ခဲ့တဲ့ ဂရိ အဓိက အတိုက်အခံ နိုင်ငံရေး ရှေးရိုးစွဲ ပါတီ ဖြစ်တဲ့ ဒီမိုကရေစီသစ် ပါတီ ရဲ့ ခေါင်းဆောင် အရင် ဝန်ကြီးချုပ် အန်တော်နစ် ဆမ်မာရပ်စ် တော့ ပါတီ ခေါင်းဆောင် နေရာ ကနေ နှုတ်ထွက် သွား ပြီ ဖြစ် ပါတယ်။

အခု အခြေ အနေ နဲ့ ပတ်သက်ပြီး ပြင်သစ် သမ္မတ ဖရော်ဆွာ အိုလော်န့် နဲ့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် တို့ တယ်လီဖုန်း ကနေ တဆင့် စကား ပြေဆို ခဲ့ ကြ တဲ့ နောက် လာမယ့် အင်္ဂါ နေ့ မှာ ယူရို ငွေကြေး အဖွဲ့ နိုင်ငံ တွေ ရဲ့ ထိပ်သီး အစည်းအဝေး ကျင်းပမယ် ဆိုတဲ့ ကြေညာချက် ထွက် ပေါ် လာပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဌ ယန်ကလော့ဒ်ဒီ ယွန်ကာ ကလည်း ရှေ့ဆက် ဘယ်လို လုပ်ဆောင် ရမလဲ ဆိုတာကို ယူရို ငွေကြေး အဖွဲ့ က ခေါင်းဆောင် တွေ၊ ဥရောပ သမဂ္ဂ ရဲ့ အဖွဲ့အစည်း အသီးသီး တွေ နဲ့ တိုင်ပင် သွားမယ် လို့ ပြောပါတယ်။