မြီရှင်တွေရဲ့ အဆိုပြုချက် လက်ခံ မခံ ဂရိ မှာ ဆန္ဒခံယူနေ

greece referendum
ဓာတ်ပုံ ပုံစာ, မြီရှင်တွေ ရဲ့ အဆိုပြုချက် အပေါ် မတူတဲ့ အမြင်တွေ က ဂရိ အနှံ့အပြားမှာ ဖြစ်နေ

မြီရှင်နိုင်ငံတွေရဲ့ အဆိုပြုချက်တွေ ကိုလက်ခံမလား၊ ငြင်းပယ်မလား ရွေးချယ်ဖို့အတွက် ဂရိပြည်သူတွေ သန်းနဲ့ချီပြီး လူထုဆန္ဒခံယူပွဲမှာ မဲပေးနေပါတယ်။

မဲပေးနိုင်ခွင့်ရှိသူ တွေ ထဲက ရာခိုင်နှုန်း တော်တော်များများ မဲလာပေးကြတာပါ။

လက်မခံဖို့ ပြည်သူတွေ ကို ဆော်သြနေတဲ့ ဂရိ ဝန်ကြီးချုပ် အလက်ဇီ ဆီးပရတ်စ က ဂရိပြည်သူတွေ အနေနဲ့ ခိုင်မာတဲ့ သတင်းကို ပါးပါလိမ့်မယ်။ ဂုဏ်သိက္ခာအတွက်၊ ပိုင်းဖြတ်နိုင်မှုအတွက် သတင်းစကားပါ။ နိုင်ငံတခုရဲ့ ရွေးချယ်မှု က သူ့နိုင်ငံအပေါ်မူတည် တယ်လို့ ဆို သွားပါတယ်။

အခု လူထု ဆန္ဒခံယူ ပွဲ က အဆိုပြုချက်ကိုလက်မခံဘူး လို့ ဆိုပြီး No ဆိုတဲ့ မဲဆန္ဒတွေ ပေးမယ့်သူတွေ ပိုများ မယ်ဆိုရင်တော့ ဂရိ ဟာ ယူရိုငွေကြေးဇုန် ထဲက နေ ထွက်ရလိမ့်မယ် လို့ ယူရိုငွေကြေးဇုန် နိုင်ငံတွေ ရဲ့ ခေါင်းဆောင်တွေ က သတိပေး နေပါတယ်။