မိုင်း​တွင်း​လုပ်သား​တွေ​ကို ပစ်​သတ်​မှု အစီရင်ခံ​စာထွက်လာ

_marikana_playcards

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ရဲ အမှု ထမ်း တွေ ကို အမှု ဖွင့် အရေး ယူ ရမလား ဆိုတဲ့ အပေါ် အသေးစိတ် စုံစမ်း စစ်ဆေး မှု တွေ ပြုလုပ် ဖို့ တိုက်တွန်း ထား။

တောင်အာဖရိက နိုင်ငံ မှာ လွန်ခဲ့ တဲ့ ၃ နှစ် က ဖြစ်ပေါ် ခဲ့တဲ့ ဆန္ဒပြ မိုင်းတွင်း အလုပ်သမား ၃၄ ယောက် သေဆုံး ခဲ့တဲ့ ဖြစ်ရပ် အပေါ် စုံစမ်း နေတာ မှာ ဆန္ဒပြ သမား တွေ ကို သေနတ် နဲ့ ပစ်ခတ် ခဲ့တဲ့ ရဲတွေ ရဲ့ လုပ်ရပ် အပေါ် အကြီး အကျယ် ဝေဖန် မှု တွေ ထွက်ပေါ် နေပါတယ်။

မာရစ်ခါးနား အရပ် က ပလက်တီနမ် သတ္တုတွင်း အရေးအခင်း မှာ ရဲ တပ်ဖွဲ့ ရဲ့ ပြုမူ ပုံမှာ ပြစ်ချက် တွေ ရှိ ခဲ့ပြီး စံနစ်တကျ အမိန့်ပေး ထိန်းချုပ် မှု ပျက်ကွက် ခဲ့တာ ကို တွေ့ ရတယ် လို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမား က ပြောပါတယ်။

ရဲ အမှု ထမ်း တွေ ကို ရာဇဝတ်မှု ဖွင့် အရေး ယူ ရမလား ဆိုတဲ့ အပေါ် အသေးစိတ် စုံစမ်း စစ်ဆေး မှု တွေ ပြုလုပ် ဖို့ အခု လတ်တလော ထွက်ပေါ် လာတဲ့ တွေ့ရှိ ချက် တွေ က တိုက်တွန်း ထား ပါတယ်။

အလုပ်သမား သပိတ် ကို ကြေလည် အောင် မဖြေ ရှင်း ပေး နိုင်ခဲ့တဲ့ အလုပ်သမား သမဂ္ဂ တွေ နဲ့ မိုင်းတွင်း ကုမ္ပဏီ Lonmin ကိုလည်း အခု ထွက်လာ ခဲ့တဲ့ အစီရင်ခံစာ မှာ အပြစ် ဆိုထား ပါတယ်။

ဒါပေမယ့် ဒုသမ္မတ Cyril Ramaphosa အပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေ အပေါ် မှာတော့ ပြစ်တင် ဝေဖန် ထားမှု မရှိ ပါဘူး။