ဂရိ အစိုးရက အီးယူကို ကမ်းလှမ်း

greece

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ချိုးခြံ ချွေတာရေး အစီအစဉ်တွေကို ကန့်ကွက် ဆန္ဒပြ

နောက် ၂ နှစ်အတွင်း ကြွေးမြီတွေ ပြန်ဆပ်ဖို့ ယူရိုသန်း ၈ ထောင် ချွေတာ ဖြတ်တောက်ပြီး အခွန် တိုးကောက်မယ့် အစီအစဉ် ကို ဂရိ အစိုးရက အီးယူကို ကမ်းလှမ်းခဲ့ပါတယ်။

ဂရိ အကြွေးနွံထဲ နစ်မယ့် အဖြစ် မရောက်အောင် ကာကွယ်နိုင်ပြီ လို့ ယူရိုဇုန် ခေါင်းဆောင် တွေက မျှော်လင့်ပြီး ဘရပ်ဆဲ မှာ ကျင်းပနေတဲ့ ထိပ်သီး အစည်းအဝေး ကို အဆုံးသတ် ခဲ့ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲက တော့ ဒီကမ်းလှမ်းချက် တွေမှာ တိုးတက်မှု တချို့ ပါပေမယ့် ဆက်ကြိုးစား ဖို့ လိုသေးတယ်လို့ ထောက်ပြ ပါတယ်။

အီးယူ ဥရောပ သမဂ္ဂ အကြီးအကဲ Donald Tusk ကတော့ ယူရို အုပ်စု ထဲမှာ ဆက်ပြီး အမြန်ဆုံး ဆောင်ရွက် သွားရမှာပါ၊ ဂရိ ဝန်ကြီးချုပ် Tsipras နဲ့ ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီး တွေ ဗုဒ္ဓဟူး နေ့မှာ ထပ်တွေ့ကြဖို့ ရှိပြီး ဂရိ ကြွေးမြီ ကယ်ဆယ်ရေး အတွက် နောက်ဆုံး သဘော တူညီချက် ရဖို့ ကြိုးစား ကြလိမ့်မယ်လို့ ပြောကြား ခဲ့ပါတယ်။