ဥရောပက ဂရိဘဏ် ပြိုလဲမခံလို့ ဂရိဖက်ကဆို

ဓာတ်ပုံ ရင်းမြစ်, AFP
ဂရိနိုင်ငံက ဘဏ်တွေ ပြိုလဲရင် အခြား ဥရောပ နိုင်ငံတွေ ကိုပါ ကူးစက် ထိခိုက်မှာ ဖြစ်လို့ ဥရောပ ဗဟိုဘဏ်က အဲဒီလို အဖြစ်ခံမှာ မဟုတ်ဘူး ဆိုပြီး ဌာန လက်ကိုင် မရှိတဲ့ ဂရိ အစိုးရ ဝန်ကြီး တဦးက ထုတ်ဖော် ပြောလိုက် ပါတယ်။
အလီကော့စ် ဖလာဗိုရာရစ်စ် ဆိုတဲ့ အဲဒီ အမျိုးသမီး ဝန်ကြီးက ဂရိဘဏ်တွေ ဆက်လက် လည်ပတ် နိုင်အောင် အရေးပေါ် ရံပုံ ငွေတွေ ထုတ်ပေးပြီး နောက်တရက် အကြာမှာ ဂရိ ရုပ်မြင် သံကြား အစီအစဉ် တခုမှာ အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဂရိဘဏ်မှာ ငွေစု ထားသူ တွေက ယူရိုငွေ သန်းထောင်နဲ့ ချီပြီး ပြန်လည် ထုတ်ယူ သွားခဲ့ ကြပါတယ်။




