ယီမင်ငြိမ်းချမ်းရေးအတွက် စကားဝိုင်းတွေစတော့မယ်

ဓာတ်ပုံ ရင်းမြစ်, EPA
ယီမင် နိုင်ငံ ငြိမ်းချမ်းရေး အတွက် စကားပြောပွဲ တွေ ကို နောက် သီတင်းပတ် အကုန် မှာ စတင် မယ် ဆိုပြီး ကုလသမဂ္ဂ က အတည်ပြု လိုက်ပါတယ်။
ယီမင် နိုင်ငံ ထဲမှာ တော့ လက်နက်ကိုင် ပဋိပက္ခ ဟာ ကြီးထွား နေဆဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ မှာ ယီမင် ရဲ့ ကွဲပြား တဲ့ အင်အားစု တွေ အားလုံး တင်ကြို ကန့်သတ် မှု တွေ ချမှတ် မထားပဲ ပါဝင် ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း က တိုက်တွန်း ပါတယ်။
ပြည်ပ ရောက် ယီမင် အစိုးရ ရော ဟူသီ သူပုန် တွေ ကပါ ဒီ ငြိမ်းချမ်းရေး ပွဲ ကို တက်ရောက် မယ် လို့ ပြောထား ပါတယ်။
အစောပိုင်း တုန်းက တော့ ယီမင် နိုင်ငံ ထဲ က ရှီအာ သူပုန် တွေ ဟာ ဆော်ဒီအာရေဗျ နိုင်ငံ ဘက် ကို ပါ ပစ်မှတ်ထား တိုက်ခိုက် မှု တွေ တိုးမြှင့် ဆောင်ရွက် လာတာ မှာ ဆော်ဒီ ရဲ့ မြို့တစ်မြို့ ဆီ ကို ချိန်ရွယ် ပစ်လွှတ် ခဲ့တဲ့ စကာ့ဒ် ဒုံးကျည် ကို တော့ ဆော်ဒီ က ပက်ထရီယော့ ဒုံးခွင်းဒုံး သုံးပြီး ပစ်ချ ခဲ့ရပါတယ်။




