ယီမင်မှာ ၅ ရက် အပစ်ရပ်စဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယီမင်မှာ လူသားချင်း စာနာတဲ့ အနေနဲ့ ၅ ရက် အပစ်ရပ်စဲရေး စတင် လိုက်ပြီလို့ ဆော်ဒီ ခေါင်းဆောင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့က ပြောကြား လိုက်ပါတယ်။
ဒီအပစ်ရပ်စဲရေး ကို ချိုးဖောက် ရင် တုံ့ပြန် သွားမယ် လို့လည်း ဆော်ဒီ စ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။
ကယ်ဆယ်ရေး အကူအညီတွေ အရေးတကြီး လိုအပ် နေတဲ့ နေရာ တွေကို ရိက္ခာနဲ့ ပစ္စည်းတွေ ပို့ပေးဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက တောင်းဆို ထားကြပြီး ဒီ အတွက် ၅ ရက်နဲ့ အချိန် မလောက်ဘူး လို့လည်း သူတို့က သတိပေး ထားကြ ပါတယ်။
ယီမင်မှာ ဒီ ၃ နှစ် အတွင်း အကျပ်အတည်း ဆိုက်နေခဲ့တာမို့ ဒီပဋိပက္ခ အရှိန် တက်လာတာ နဲ့ အမျှ ကပ်ဆိုက်သလို ဆိုးရွားလာခဲ့တယ်လို့ ယီမင် ဆိုင်ရာ ကုလ သမဂ္ဂ လူမှု ကူညီရေး ညှိနှိုင်း ရေးမှူး Johannes van der Klaauw က ပြောပါတယ်။




