ယီ​မင်​မှာ အပစ်​ရပ်​ပေးမယ်

yemeny_deminer_at_the_scene_of_airstrik

ဓာတ်ပုံ ရင်းမြစ်, European Photopress Agency

ဓာတ်ပုံ ပုံစာ, ယီမင်နိုင်ငံထဲက ရှီအာသူပုန် ဟူသီအဖွဲ့ကို ဆော်ဒီ ဦးဆောင်ပြီး လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ယီမင် နိုင်ငံ ထဲ က ရှီအာသူပုန် ဟူသီ တွေ ကို လေကြောင်း တိုက်ခိုက် နေတာ တွေ ကို လာမယ့် အင်္ဂါနေ့က စလို့ ရပ်နားထားမယ် လို့ ဆော်ဒီအာရေဗျ ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ က ပြောပါတယ်။

၅ ရက် ကြာ အပစ်ရပ် ဖို့ သဘောတူထား တာ ဖြစ်ပြီး အဲဒီ့ ကာလ အတွင်း ယီမင် နိုင်ငံတဝှမ်းက အရပ်သား တွေ အတွက် အရေးတကြီး လို အပ် နေတဲ့ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း တွေ ကို သယ်ဆောင် ဖြန့်ဝေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။

သူပုန် တွေ ဘက်ကလည်း အလားတူ အပစ်ရပ် ထား ပေးမလား ဆိုတဲ့ အပေါ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တကယ်လို့ သူပုန် တွေ ဘက်က ဆက်လက် တိုက်ခိုက် နေမယ် ဆိုရင် သူတို့ ဘက်က အပစ်ရပ်မှု ကိုလည်း အဆုံးသတ် ရလိမ့် မှာ ဖြစ်တယ် ဆိုပြီး ဆော်ဒီ အာရေဗျ က ပြောပါတယ်။