ဟူသီ စကဒ် ဒုံးကျည် ဆော်ဒီပစ်ချ

ဓာတ်ပုံ ရင်းမြစ်, EPA
ဆော်ဒီအာရေဗျ နိုင်ငံထဲကို ယီမင်ဖက်က ဟူသီ သူပုန်တွေ ပစ်လိုက်တဲ့ စကဒ် ဒုံးကျည်ကို ကြားဖြတ် ပစ်ချ နိုင်ခဲ့တယ်လို့ ဆော်ဒီဖက်က ပြောပါတယ်။
ခါမီးမူရှိုက်တ် မြို့ဖက်ကို ချိန်ရွယ် ပစ်ခတ်တဲ့ဒုံး လက်နက်ကို ပက်ထရီယော့ ဒုံးခွင်းဒုံးတွေသုံးပြီး သောကြာနေ့ည က ပစ်ချခဲ့တာလို့ ပြောပါတယ်။
ဒါဟာ ယီမင် နိုင်ငံထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ပိုပြီး ပြင်းထန် လာတာကို ညွှန်ပြ နေပါတယ်။
တကယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံထဲ အထိပဋိပက္ခ တွေကျယ်ပြန့် လာရင် ဂျီနီဗာ ဆွေးနွေးပွဲ မှာ တောင်းဆိုမှုတွေ ပိုလုပ်လို့ ရနိုင်မယ်လို့ ဟူသီတွေက မျှော်လင့်နေကြောင်း ယီမင်နိုင်ငံမှာ ထုတ်ဝေတဲ့ အယ်လ်အာယန်မ် သတင်းစာ ဒုတိယ အယ်ဒီတာချုပ် ဘာရှရာဟီ ဘာရှရာဟီက ပြောပါတယ်။
မကြာသေးခင် ကာလတွေ အတွင်း ဟူသီ သူပုန်တွေ အပေါ် ဆော်ဒီ ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေလည်း တိုးမြှင့် လုပ်လာနေ ပါတယ်။
လာမယ့် သီတင်းပတ် အတွင်း ဆွစ်ဇာလန် နိုင်ငံမှာ ကုလသမဂ္ဂ ဦးဆောင်တဲ့ ဆွေးနွေး ပွဲတွေ လုပ်ဖို့ရှိ နေစဉ် မှာ အခုလို တိုက်ခိုက် မှုတွေ ဖြစ်နေ တာပါ။
ဒီဆွေးနွေးပွဲကို တက်ရောက် မယ်လို့ နှစ်ဖက်စလုံးက ပြောထား ပါတယ်။




