MH17 ကို ထိမှန်တဲ့ ဒုံးကျည်ကိစ္စ ရုရှားကုမ္ပဏီ ရှင်းလင်း

Almaz-Aantey ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် မော်စကိုမှာ သတင်းစာ ရှင်းလင်း။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Almaz-Aantey ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် မော်စကိုမှာ သတင်းစာ ရှင်းလင်း။

ပြီးခဲ့တဲ့ နှစ်က ယူကရိန်း နိုင်ငံပေါ်မှာ ပစ်ချ ခံခဲ့ရတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် MH17 ရဲ့ အပိုင်း အစတွေကို သုံးသပ် စစ်ဆေးမှု အရ လေယာဉ်ဟာ ရုရှား ကာကွယ်ရေး ကုမ္ပဏီ Almaz-Antey က ထုတ်လုပ်ခဲ့ဖူးတဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်နဲ့ ပစ်ခတ် ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ အဲဒီ ကုမ္ပဏီက ပြောပါတယ်။

ဒါပေမယ့် အဲဒီ ယခင် ပုံစံဟောင်း M1 ဒုံးကျည်ကို ရုရှား နိုင်ငံမှာ အသုံးမပြုတော့ကြောင်းနဲ့ ယူကရိန်း နိုင်ငံက လက်နက်တိုက် တွေမှာတော့ ရှိနေဆဲ ဖြစ်ကြောင်း အဲဒီ Almaz-Antey ကုမ္ပဏီက ပြောပါတယ်။

အဲဒီ အချိန်က ဒီဒုံးကျည်ကို နေရာ တစ်နေရာကနေ ယူကရိန်း အစိုးရ ထိန်းချုပ်ထားတဲ့ Zaroshenskoye တောင်ပိုင်းကို ဦးတည် ပစ်ခဲ့တာလို့ အဲဒီ ရုရှား ကုမ္ပဏီက ဆိုပါတယ်။

MH17 လေယာဉ်ဟာ ရုရှားက ယူကရိန်း သူပုန်တွေကို ပေးထားတဲ့ ဒုံးကျည်နဲ့ ပစ်ခတ် ခံခဲ့ရတာ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲမှုတွေကို ရုရှားဘက်က အမြဲ ငြင်းဆိုခဲ့ပြီး ဒီကိစ္စအတွက် ယူကရိန်း ဘက်ကိုသာ အပြစ် ပုံချနေခဲ့တာ ဖြစ်ပါတယ်။