ဘွဲ့လက်မှတ်အတုတွေ ရောင်းချမှု ပါကစ္စတန် ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, epa
ပါကစ္စတန် နိုင်ငံ၊ ကရာချိမြို့မှာ နိုင်ငံတကာ ဘွဲ့လက်မှတ်တွေကို အတုလုပ်ပြီး အွန်လိုင်းကနေ ရောင်းချ နေတယ် ဆိုတဲ့ စွဲချက်နဲ့ Axact နည်းပညာ ကုမ္ပဏီရဲ့ အကြီးအကဲကို ဖမ်းဆီး လိုက်ပါတယ်။
ကရာချိ မြို့က Axact ကုမ္ပဏီ ရုံးချုပ်ကို ဝင်ရောက် စီးနင်း ရှာဖွေရာမှာ ထောင်နဲ့ချီတဲ့ ဒီပလိုမာ လက်မှတ် အလွတ်တွေ၊ ကျောင်းသားကတ် အတုတွေနဲ့ တခြား စာရွက်စာတန်းတွေကို တွေ့ခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
Axact ကုမ္ပဏီဟာ အပြည်ပြည်ဆိုင်ရာ အွန်လိုင်း နည်းပညာ ကုမ္ပဏီ ဖြစ်ပြီး ဒီလုပ်ငန်းကနေ ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေ ရနေခဲ့တယ် လို့လည်း ဆိုပါတယ်။
ကုမ္ပဏီ ဥက္ကဋ္ဌ Shoaib Ahmed Sheikh နဲ့ သူ့ရဲ့ လက်ထောက် တို့ကို အခု ဖမ်းဆီး ထားပြီး မကြာခင် တရားစွဲဆို သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီကုမ္ပဏီဟာ ရုပ်သံလိုင်း တစ်ခု တည်ထောင် ထုတ်လွှင့်ဖို့လည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။




