ဗြိတိန်တော်ဝင် သမီးလေးကို လူထုကြီး တွေ့မြင်ရ

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ဗြိတိန် တော်ဝင် မိသားစု အတွင်း နောက်ဆုံး ရောက် ရှိလာတဲ့ မင်းသား ဝီလျံ နဲ့ ကြင်ရာတော် ကိန်းဘရစ်ချ် မြို့စား ကတော် တို့ရဲ့ သမီး လေး ကို လန်ဒန် မြို့ စိန့်မေရီ ဆေးရုံ ရှေ့ စောင့် ဆိုင်း နေကြ တဲ့ လူထု ပရိတ်သတ် ကြီး ကို ပြသခဲ့ ပြီ ဖြစ်ပါတယ်။
အဖြူရောင် ခြုံလွှာ နဲ့ ထွေး ထားပြီး အိပ်ပျော် နေပုံ ရတဲ့ ဗြိတိန် ရဲ့ ၄ ဆက် မြောက် နန်းလျာ မင်းသမီး လေး ကို လူထု ပရိတ်သတ် တွေ့ခဲ့ ကြရပါတယ်။
မင်းသမီးလေး ကို နာမည် မပေးရ သေးပါဘူး။
အခုဆို မင်းသား ဝီလျံတို့ ဇနီးမောင်နှံ ဟာ သမီးလေး ကို သူတို့ရဲ့ ကဲန်ဆင်တန် နန်းတော် နေအိမ်ကို ခေါ် သွားခဲ့ပြီ ဖြစ်ပါတယ်။




