ဗြိတိသျှ နန်းလျာလေးကို ဖွားမြင်

ဓာတ်ပုံ ရင်းမြစ်, PA
ဗြိတိန်က ကိန်းဘရစ်မြို့စား မင်းသား ဝီလျံ နဲ့ မြို့စားကတော်တို့ရဲ့ ဒုတိယရင်သွေး သမီးတော်လေးကို ဒီနေ့မှာပဲ မွေးဖွားခဲ့ပါတယ်။
ကိန်းဘရစ်မြို့စားကတော် ကက်သရင်းဟာ ဒီမနက်ကပဲ လန်ဒန်မြို့ ကင်ဆင်တန် နန်းတော်ကနေ လန်ဒန်မြို့ စိန့်မေရီ ဆေးရုံမှာ တက်ရောက်ပြီး မွေးဖွားခဲ့ပါတယ်။
ဆေးရုံအပြင်မှာလည်း မင်္ဂလာသတင်းအတွက် ဆုတောင်းပေးကြသူတွေ၊ နောက် သတင်းထောက်တွေနဲ့ ပြည့်နှက်စည်ကားနေပါတယ်။ မိန်းကလေးလို့ သိသိချင်းမှာပဲ လန်ဒန်ရဲ့ ဘီတီတာဝါထိပ်မှာလည်း It's a girl ဆိုတဲ့ ဒစ်ဂျစ်တယ်စာတမ်းနဲ့ ကြေညာပေးခဲ့ပါတယ်။
တော်ဝင်မိသားစုရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ မိခင်ရော ကလေးပါ ကျန်းမာကြတယ်၊ မွေးဖွားစဉ် မင်းသားဝီလျံလည်း အနားမှာ ရှိနေတယ်လို့ ပြောပါတယ်။
ကိန်းဘရစ်ဇနီးမောင်နှံရဲ့ ပထမသားတော် မင်းသားဂျော့ဂျ်ကိုတော့ ၂၀၁၃ ဇူလိုင်လက မွေးဖွားခဲ့ပါတယ်။
အခုမွေးတဲ့ သမီးတော်လေးကို ကိန်းဘရစ်မင်းသမီးဆိုတဲ့ ဘွဲ့နာမည်ခေါ်တွင်မှာဖြစ်ပြီး သူဟာ အိမ်ရှေ့မင်းသား၊ ကိန်းဘရစ်မြို့စား နဲ့ မင်းသားဂျော့ဂျ်ပြီးရင် ဗြိတိသျထီနန်းဆက်ခံမယ့် စတုတ္ထမြောက် နန်းညွန့်နန်းလျာ ဖြစ်ပါတယ်။
မင်းသားဝီလျံနဲ့ မင်းသားဟယ်ရီတို့ကိုလည်း ဒိုင်ယာနာမင်းသမီးက စိန့်မေရီ ဆေးရုံမှာပဲ မွေးဖွားခဲ့ပါတယ်။




