ယာဇီဒီ ရာပေါင်းများစွာကို IS တွေသတ်ဖြတ်

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ဟာ သူတို့ ဖမ်းဆီးထား တဲ့ အီရတ်နိုင်ငံ မြောက်ပိုင်း က ယာဇီဒီ လူနည်းစု ဝင် တွေ ကို ရာပေါင်း များစွာ သတ်ဖြတ်ခဲ့တယ် လို့ အီရတ် အာဏာပိုင် တွေ က ပြောပါတယ်။
ဒီ သတ်ဖြတ်မှု ဟာ ကြောက်မက်ဖွယ် ဖြစ်ပြီး အရိုင်းအစိုင်း တို့ရဲ့ လုပ်ရပ် ဖြစ်တယ် လို့ အီရတ် ဒုသမ္မတ Osama al-Nujifi က ရှုတ်ချ လိုက် ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ က မိုဆိုးလ် မြို့တော် အနောက် ဘက် ခြမ်း ဒေသ မှာ ယာဇီဒီ ၃ ရာ လောက် ထိ အသတ်ခံ ရတယ် ဆိုပြီး ယာဇီဒီ အသိုင်းအဝိုင်း က လာတဲ့ သတင်း တွေ က ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ် အရင် ၊ အီရတ် မြောက်ဘက် တလွှား ကို IS တွေ သိမ်းပိုက် ခဲ့ ကြတုန်းက ထောင် နဲ့ ချီ တဲ့ ယာဇီဒီ မျိုးနွယ် စု ဝင်တွေ အဖမ်းခံ အသတ် ခံခဲ့ ကြရပြီး အမျိုးသမီး တွေ ကိုလည်း လိင် ကျေးကျွန် တွေ အဖြစ် ခိုင်းစေ ခံခဲ့ ရပါတယ်။
IS လက်နက်ကိုင် တွေဟာ ယာဇီဒီ တွေ ကို အယူ မမှန်တဲ့ မိစ္ဆာ ဒိဌိ တွေ အဖြစ် သတ်မှတ် ပြီး အခုလို ပစ်မှတ်ထား တိုက်ခိုက် တာ ဖြစ်ပါတယ်။
တခါ၊ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂ ဒက် မှာ တော့ ကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၃ ဦး သေဆုံး ပြီး အယောက် ၃၀ ကျော် ဒဏ်ရာ ရ သွားပါတယ်။
ရှီအာ မွတ်ဆလင်မ် အများစု နေထိုင်ရာ၊ Karrada ရပ်ကွက်ထဲ က နာမည်ကြီး စားသောက်ဆိုင် တစ်ခု အနီး ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။




