ယီမင်ကို ကယ်ဆယ်ရေးပစ္စည်းတွေ စတင် ဆိုက်ရောက်

ဓာတ်ပုံ ရင်းမြစ်, AFP
နှောင့်နှေး ကြန့်ကြာ မှု တွေ အမျိုးစုံ ဖြစ် နေခဲ့ တဲ့ ယီမင် နိုင်ငံ အတွက် အရေးပေါ် လိုအပ် နေတဲ့ ကယ်ဆယ်ရေး ပစ္စည်း တွေ နောက်ဆုံး မှာ တော့ စတင် ရောက် ရှိ နေပြီ ဖြစ်ပါတယ်။
ဆေးဝါး တွေ တင်ဆောင် သွားတဲ့ သင်္ဘော တစ်စင်း အေဒင် မြို့ ဆိပ်ကမ်း ကို ဆိုက်ရောက် သွားပြီ လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ က ပြောပါတယ်။
မြို့တော် ဆာနား ကိုလည်း ကယ်ဆယ်ရေး ပစ္စည်း တွေ သယ်ဆောင် လာမယ့် လေယာဉ် ၂ စင်း ရောက် လာဖို့ လည်း ရှိပါတယ်။
ဒီ အချိန် မှာပဲ၊ အေဒင် မြို့ရဲ့ ကမ်းလွန် ရေပြင် ထဲ ကို အီရန် က စစ်သင်္ဘော ၂ စင်း စေလွှတ် လိုက်ပါတယ်။
အီရန် ရဲ့ ရေကြောင်း သွားလာရေး ကို ပင်လယ်ဓားပြ တွေ ရန်က ကာကွယ် ဖို့ အတွက် လွှတ်လိုက် တာ ဖြစ်တယ် ဆိုပြီး အီရန် ရေတပ် ရေတပ် အရာရှိ တစ်ဦး က ပြောနေ ပါတယ်။
အဲဒီ့ ဒေသ ကို အီရန် က အခုလို စစ်သင်္ဘော တွေ လွှတ် လိုက် တဲ့ အတွက် ဒေသတွင်း တင်းမာ မှု တွေ မြင့်တက် လာနိုင် တယ် ဆိုပြီး သတင်းထောက် တွေ က သုံးသပ် နေကြ ပါတယ်။
ယီမင် နိုင်ငံ က ရှီအာ မွတ်ဆလင်မ် ဟူသီ တွေ ကို ရှီအာ လွှမ်းမိုး တဲ့ အီရန် နိုင်ငံ က ကျောထောက် နောက်ခံ ပြု ထားတာ ဆိုပြီး ရှုမြင် နေကြတာ ဖြစ်ပါတယ်။
ဒေသတွင်း မှာ အီရန် ရဲ့ ဩဇာ လွှမ်း မိုး လာမှာ ကို စိုးရိမ် တဲ့ အတွက်ကြောင့် လည်း ဟူသီ သူပုန် တွေ ကို ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ မဟာမိတ် တွေ က တိုက်ခိုက် နေတာ ဖြစ်တယ် လို့ ယူဆ ထားကြ ပါတယ်။








