အေဒင်တိုက်ပွဲ ဆက်လက် ဖြစ်ပေါ်

ဓာတ်ပုံ ရင်းမြစ်, epa
ယီမင်နိုင်ငံ အေဒင်မြို့ မှာ တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပေါ် နေပြီး ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီ တွေက မဟာဗျုဟာ အရ အချက်အခြာ ကျ တဲ့ လမ်းတွေ အားလုံး လိုလို ကို ထိန်းချုပ် ထား လိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် မြို့ခံ တွေ က အေဒင်မြို့ ကို ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်ပြီး ဟူသီ သူပုန်တွေ ကို ခုခံ တိုက်ခိုက် နေကြ ပါတယ်။
ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့က လည်း ဟူသီ တွေကို ပင်လယ်ဘက် ပိုင်းကနေ ဗုံးကြဲ တိုက်ခိုက် ခဲ့ပါတယ်။
သမ္မတ Abd Rabbu Mansour Hadi အပေါ် သစ္စာခံ တဲ့ တပ်တွေက တော့ အေဒင် မြို့ပြင် ကို ဆုတ်ခွာ သွားတယ် လို့ မြို့ခံ သတင်းသမား တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။
အေဒင်မြို့ မှာ ရေ နဲ့ စားနပ် ရိက္ခာ တွေ နည်းပါး လာနေပြီး ထောက်ပံရေး ပစ္စည်း တွေ ကို လေကြောင်း ကနေ ပို့ဆောင် ပေးနိုင်ဖို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ က ကြိုးစား နေကြပါ တယ်။




