ကင်ညာ ဆိုမာလီ နယ်စပ်မှာ ဗုံးသွားကြဲ

ဓာတ်ပုံ ရင်းမြစ်, AP
အရင်တပတ်က ကင်ညာနိုင်ငံ Garissa တက္ကသိုလ် ကျောင်းဝင်း ထဲကို အယ်လ်ရှာဘတ် စစ်သွေးကြွတွေ စီးနင်း တိုက်ခိုက် လို့ လူ ၁၅ဝ လောက် သေဆုံး ခဲ့ရတဲ့ အတွက် ကင်ညာ လေတပ် က ဆိုမာလီ နယ်စပ်မှာ ဗုံးသွား ကြဲခဲ့ပါတယ်။
ဆိုမာလီ Gedo ဒေသက အယ်လ်ရှာဘတ် စစ်စခန်း ၂ ခုကို ချေမှုန်း နိုင်ခဲ့ကြောင်း ကင်ညာ စစ်တပ်က ဘီဘီစီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှု အတွက် အပြင်းထန်ဆုံး တုံ့ပြန်သွားမယ် လို့လည်း ကင်ညာ သမ္မတက သတိပေး လိုက်ပါတယ်။
ကင်ညာ သမ္မတ ပြောခွင့်ရ Manoah Espisu ကတော့ တက္ကသိုလ် ထဲကို စစ်တပ်တွေ အချိန် မနှောင်းမီ ရောက်သွားခဲ့ပေမယ့် ဒီလို ကြိုမသိနိုင်တဲ့ တိုက်ခိုက်မှု မျိုးမှာ ကြိုတင် ကာကွယ် လို့ မရဘူးလို့ ဆိုပါတယ်။
ကင်ညာ အရှေ့မြောက် နယ်စပ်က သိန်းနဲ့ချီတဲ့ ဆိုမာလီ ဒုက္ခသည် တွေကို လက်ခံ ထားတဲ့ စခန်းတွေကို ပိတ်ပစ်ဖို့ လည်း တောင်းဆို နေကြပါတယ်။




