ကင်ညာ စီးနင်းမှုနဲ့ ဆက်စပ်ဖမ်းဆီးနေ

ဓာတ်ပုံ ရင်းမြစ်, bbc
ကင်ညာမှာ လူ ၁၅ဝ လောက် သေဆုံးခဲ့တဲ့ Al Shabaab စစ်သွေးကြွ တွေရဲ့ တက္ကသိုလ် စီးနင်းတိုက်ခိုက်မှုနဲ့ ဆက်ပြီး လူ ၅ ယောက် ဖမ်းထားပါတယ်။
ဒီထဲက ၃ ယောက်ဟာ ကင်ညာ အရှေ့ပိုင်းက Garissa မြို့ တိုက်ခိုက် ခံရမှုမှာ စီစဉ် က္ပပ်ကဲ ခဲ့သူတွေ ဖြစ်တယ်လို့ ပြည်ထဲရေး ဌာနက ပြောပါတယ်။
ဒီသတ်ဖြတ်မှု တွေမှာ ပါဝင်သူတွေ အားလုံး ဖမ်းဆီးမိပြီလို့ ယူဆကြောင်းနဲ့ ကျန်သေးရင်လည်း မမိ မရှိ မိအောင် ဖမ်းမှာ လို့ ကင်ညာ ပြည်ထဲရေး ဝန်ကြီး Joseph Nkaissery က ပြောကြားသွား ပါတယ်။
ကင်ညာမှာ မွတ်ဆလင် တွေကို စနစ်တကျ ဖိနှိပ် နေတဲ့ အတွက် ရက်စက် ကြမ်းကြုတ်တဲ့ စစ်ပွဲ တွေ ရှည်ကြာမယ်လို့ Al Shabaab တွေ ဘက်က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
ဗီရို တလုံးထဲမှာ ၂ ရက်လောက် ပုန်းနေခဲ့ရတဲ့ ကျောင်းသူ တယောက်ကိုလည်း ဒီနေ့ ရှာ တွေ့ခဲ့ပါတယ်။
အသက်မသေဘဲ ကျန်ရစ်တဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ဘတ်စ်ကားတွေနဲ့ ဇာတိရပ်ရွာကို ပြန်ပို့ ပေးနေကြပါတယ်။




