အလက်ပိုမြို့ ထောက်လှမ်းရေး ဌာနချူပ် ဗုံးခွဲခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပို မြို့ မှာအစိုးရ တပ်နဲ့ သူပုန်တွေ အကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့ပြီး ၂ ဘက်လုံး အသေအပျောက် ဆယ်ဂဏန်း အချို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
အစိုးရ လေတပ် ထောက်လှမ်းရေး ရုံးချုပ် ကို ပစ်မှတ်ထား ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ ပြီးတဲ့နောက် အခုလို တိုက်ပွဲ ဖြစ်ပေါ် ခဲ့တာပါ။
အဲဒီ့ ဌာနချုပ် အဆောက်အဦ မှာ ဆီးရီးယား အစိုးရ ဟာ သူပုန် တပ်ဖွဲ့ဝင်တွေ ကို အင်မတန် တုန်လှုပ်ဖွယ် နည်းတွေ သုံးပြီး စစ်ကြော တာမျိုး၊ ချုပ်နှောင်တာ မျိုး လုပ်ဆောင် နေတာ ဖြစ်ပါတယ်။
သူပုန်တွေဟာ အဆိုပါ အဆောက်ဦ ရဲ့ အောက်ထဲ ထိ မြေအောက် လှိုဏ်ခေါင်း တူးပြီး ဗုံးတွေ တပ်ဆင် ခဲ့တာ လို့ ယူဆ ရပါတယ်။
ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့ပြီးတဲ့ နောက် ရင်ဆိုင် ပစ်ခတ်မှု တွေ ဆက်လက် ဖြစ်ပေါ် ခဲ့တာပါ။
အစ္စလာမ်မစ် ဘာသာရေး ဝါဒီ အဖွဲ့ တစ်ခုဖြစ် တဲ့ နူစရာ တပ်ဦး ကို သစ္စာခံသူ တွေက အခု တိုက်ခိုက်မှု ကို သူတို့ လုပ်ဆောင် ခဲ့ကြောင်း ကြေညာ ထားပါတယ်။
အလက်ပို မြို့ ကို ထိန်းချူပ် နိုင်ဖို့ မတူညီ တဲ့ သူပုန် အဖွဲ့ အမျိုးမျိုး ဟာ ဆီးရီးယား အစိုးရ တပ်တွေ နဲ့ တိုက်ခိုက် နေကြတာ ၂ နှစ် ခွဲ ရှိ နေပြီ ဖြစ်ပါတယ်။




