IS က ဖမ်းဆီးတဲ့ ခရစ်ယာန် အရေအတွက် ပိုများနိုင်

ဓာတ်ပုံ ရင်းမြစ်, AP
IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ ပြန်ပေးဆွဲမှုကို ခံရတဲ့ ဆီးရီးယား နိုင်ငံ အရှေ့မြောက် ပိုင်းက အာဆီးရီးယန်း ခရစ်ယာန် တွေရဲ့ အရေအတွက်ဟာ မူလ ထင်ထားတာတက် ပိုများနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဆီးရီးယား အနောက်မြောက် ပိုင်းက ရွာ ၁၂ ရွာကို တနင်္လာနေ့ မနက်ပိုင်းမှာ IS အဖွဲ့က ဝင်ရောက် စီးနင်း ခဲ့ပြီးနောက် ဖမ်းဆီး ခံခဲ့ရတဲ့ ဒေသခံ အရေအတွက်ဟာ ၂၀၀ လောက် အထိ ရှိနိုင်တယ်လို့ ခရစ်ယာန် အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေ အရ သိရပါတယ်။
ဖမ်းဆီး ခံခဲ့ရသူ အများစုက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေ ဖြစ်ပြီး ဒေသခံ ၁ ထောင် နီးပါးကတော့ နေအိမ်တွေ စွန့်ခွာ ထွက်ပြေး ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသအတွင်းမှာ IS အဖွဲ့ကို ခရစ်ယာန် လက်နက်ကိုင်တွေနဲ့ ကာ့ဒ် တပ်ဖွဲ့တွေက တိုက်နေ ကြချိန်မှာ အခုလို အာဆီးရီးယန်း ခရစ်ယာန်တွေကို IS အဖွဲ့က ဖမ်းခေါ် သွားတာ ဖြစ်ပါတယ်။




