အပစ်ရပ်ရေး လိုက်နာမှု အားရဖွယ် တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း နိုင်ငံ အရှေ့ပိုင်း မှာ အပစ်ရပ် သဘော တူမှုကို အစိုးရ နဲ့ သူပုန်တွေ အကြား အတော်လေး ကျယ်ကျယ် ပြန့်ပြန့် လိုက်နာ နေတာ ကို ကျေနပ်ဖွယ် တွေ့ရတယ် လို့ ပြင်သစ် နဲ့ ဂျာမဏီ ခေါင်းဆောင် တွေ က ပြောပါတယ်။
အချက်အချာ ကျရာ ခရီးလမ်းဆုံ မြို့ဖြစ် တဲ့ ဒက်ဘယ်ဆာဗာ မြို့ က ယူကရိန်း အစိုးရတပ် ကိုတော့ ရုရှား လိုလားသူ သူပုန်တွေ က ဆက်လက် တိုက်ခိုက် နေကြတာက လွဲပြီး ကျန် ဒေသတွေ မှာတော့ အခြေအနေ ဟာ အေးဆေး နေတယ် ဆိုပြီး မျက်မြင် သက်သေတွေ က ပြောပါ တယ်။
ဒက်ဘယ်ဆာဗာ မြို့ မှာ တိုက်ပွဲ တွေ ဆက်လက် ရှိနေ သေးတယ် ဆိုပေမယ့် တနင်္ဂနွေ က နဲ့ နှိုင်းယှဉ် ရင်တော့ အရှိန်လျော့ သွားပါတယ်။
သူပုန်တွေ ထိန်းချူပ်ရာ နယ်မြေ ထဲ စောင့်ကြည့် လေ့လာခွင့် မပေးပေမယ့် အပစ်ရပ် သဘောတူမှု ကိုတော့ ထိန်းသိမ်း နေတာ ကို တွေ့ရတယ် ဆိုပြီး ဥရောပ ရဲ့ လုံခြုံရေး ဆိုင်ရာ အဖွဲ့ OSCE က ပြောပါတယ်။
အပစ်ရပ် သဘောတူမှု ရဲ့ နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့်ကတော့ အင်္ဂါနေ့မှာ ၂ ဘက်တပ် တွေဟာ ရင်ဆိုင် တွေ့ဆုံနေ တဲ့ နေရာတွေ ကနေ လက်နက်ကြီး တွေ ရုတ်သိမ်း ကြရဖို့ ဖြစ်ပါတယ်။




