အီဂျစ်မှာ ဘော်လုံး ပရိတ်သတ်တွေ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, EPA
အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာ၊ ဘော်လုံကွင်း တစ်ခုရဲ့ အပြင်ဘက် ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်း အတွင်း၊ ပရိသတ် ၂၀ ကျော် သေဆုံး သွားပါတယ်။
သေဆုံးသူတွေ ထဲက အများစုဟာ လူအုပ်ခွဲဖို့ ရဲက မျက်ရည်ယို ဗုံး သုံးခဲ့ပြီးတဲ့နောက် လူအုပ် နင်းခံရပြီး သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။
ဇမားလက် ဘော်လုံး အသင်းရဲ့ ပရိသတ်တွေ ဟာ ပြိုင်ဘက် ရေနံ ကုန်ထုတ် အသင်း ENPPI ရဲ့ ကွင်းထဲ အတင်းဝင်ဖို့ ကြိုးစားခဲ့ကြ ရာကနေ အဓိကရုဏ်း စတင် လာတာ ဖြစ်ပါတယ်။
အခြေအနေရှုပ်ထွေးနေတုန်း လဲကျနေသူတွေ လူအနင်း ခံခဲ့ရတာ ဖြစ်တယ်လို့ မျက်မြင် သက်သေတစ်ဦးက AP သတင်း ဌာန ကို ပြောပါတယ်။
Port Said (ပို့ ဆာအိဒ်) ဆိပ်ကမ်းမြို ဘော်လုံးပွဲ မှာ လွန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ခဲ့တဲ့ လူ ၇၄ ယောက် သေဆုံး ခဲ့ရတဲ့ အဖြစ်အအပျက် နောက်ပိုင်း အခု တခါ အဆိုးဆုံး ထပ်မံ ဖြစ်ပေါ်လာတာပါ။




