ဒွန်းညက်စ်မြို့ ဆေးရုံပေါ် အမြောက်ဆံကျ၊ ၃ ဦးသေ

ဒွန်းညက်စ်မြို့က ဆေးရုံ အမြောက်ဆံ ထိမှန်ပြီး တွေ့ရစဉ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒွန်းညက်စ်မြို့က ဆေးရုံ အမြောက်ဆံ ထိမှန်ပြီး တွေ့ရစဉ်။

ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဒွန်းညက်စ် မြို့က ဆေးရုံပေါ်ကို အမြောက်ဆံ ကျရောက် ပေါက်ကွဲလို့ လူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

အခု သီတင်းပတ်တွေ အတွင်း ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန် လာနေပြီး ဒွန်းညက်စ်မြို့ အရှေ့မြောက် ဘက်က အရေးပါတဲ့ Debaltseve မြို့ကို အစိုးရတပ်တွေ လက်ထဲကနေ သိမ်းယူနိုင်ဖို့ သူပုန်တွေက ဝိုင်းရံ တိုက်ခိုက်ဖို့ ကြိုးစား နေကြပါတယ်။

ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Federica Mogherini က အစိုးရ တပ်နဲ့ သူပုန်တွေကြား တိုက်ပွဲတွေ ရပ်ဆိုင်းပြီး အရပ်သားတွေကို ထွက်ခွာခွင့် ပေးဖို့ တောင်းဆို ထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အဆိုအရ လူဦးရေ နှစ်သောင်းခွဲ ရှိခဲ့တဲ့ ဒဘော့ဆက်ဗ် မြို့မှာ လူ ၇၀၀၀ လောက် ပိတ်မိ နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။