ကုမ္ပဏီတွေရဲ့ နိုင်ငံရပ်ခြား ဝင်ငွေကို အခွန်ကောက်ဖို့ အမေရိကန် အစိုးရ အကြံပြု

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန် အစိုးရ က အကြံ ပြုလိုက် တဲ့ ဘတ်ဂျက် အစီအစဉ် အသစ်အရ ဆိုရင် အမေရိကန် စီးပွားရေး ကော်ပရေးရှင်း ကြီး တွေ အနေနဲ့ နိုင်ငံရပ်ခြား မှာ ရရှိခဲ့တဲ့ ဝင်ငွေတွေ အပေါ် ဒေါ်လာသန်းပေါင်း ထောင်တွေနဲ့ ချီပြီး အခုတစ်ကြိမ် အခွန် ပေးဆောင် ရမှာမျိုး ဖြစ်လာနိုင် ပါတယ်။
ဒါ့အပြင် သမ္မတ အိုဘားမား ဟာ ကုမ္ပဏီ အားလုံးရဲ့ နိုင်ငံရပ်ခြား ဝင်ငွေ တွေ ကို အခွန် နှစ်စဉ် ကောက်လိုတဲ့ ဥပဒေ လည်း ပြဌာန်း ချင် နေပါတယ်။
အခု အိမ်ဖြူတော်ရဲ့ အကြံပြုချက် အရဆိုရင် လောလောဆယ် နိုင်ငံရပ်ခြား မှာ အခွန်ပေးရ သက်သာနေ တဲ့ အမေရိကန် စီးပွားရေး လုပ်ငန်း တွေ ဆီကနေ ခန့်မှန်းခြေ ဒေါ်လာ သန်းပေါင်း ၂ ထြီလျံ လောက် အထိ အခွန် ရရှိ နိုင်ပါတယ်။
အဲဒီ့ အခွန် ဥပဒေသစ် အပါအဝင် သမ္မတ ရဲ့ ဘတ်ဂျက် အကြံပြု လွှာကို ဒီနေ့မှာ ကွန်ဂရက်စ် လွှတ်တော် ဆီတင်သွင်း မှာ ဖြစ်ပါတယ်။
အလယ်အလတ် ဝင်ငွေ ရှိတဲ့ အမေရိကန် ပြည်သူတွေ ပိုမို အကျိုး ရှိနိုင်ဖို့ ရည်ရွယ်ထားတဲ့ သမ္မတ အိုဘားမား ရဲ့ အခွန် စံနစ် ပြုပြင် ပြောင်းလဲရေး စီမံကိန်း အစိတ်အပိုင်း အြစ် အခုလို လုပ်ဆောင် လာတာ ဖြစ်ပါတယ်။




