လွှတ်တော် ၂ရပ် စလုံးမှာ ရီပတ်ဘလီကဲန်တွေ ထိန်းချူပ်

ဓာတ်ပုံ ရင်းမြစ်, Getty
အမေရိကန် ပြည်ထောင်စုမှာ ၈ နှစ်တာ အတွင်း ပထမဆုံး အကြိမ်အဖြစ် အထက် အောက် လွှတ်တော် ၂ ရပ် စလုံးကို ရီပတ်ဘလီကဲန် ပါတီ က အပြည့်အဝ ထိန်းချူပ် လိုက်နိုင် ပါတယ်။
အောက်လွှတ်တော် မှာ ရီပတ်ဘလီကဲန် အမတ် တွေ အများစု ဖြစ်နေပြီးသား အခြေအနေ ကနေ နိုဝင်ဘာ သက်တမ်းဝက် ရွေးကောက်ပွဲ အပြီးမှာတော့ အထက် ဆီးနိတ် လွှတ်တော် မှာပါ ရီပတ်ဘလီကဲန် တွေ အများဆုံး နေရာ ရရှိ ခဲ့တာ ဖြစ်ပါတယ်။
အခုလို အာဏာ ချိန်ခွင်လျှာ အပြောင်းအလဲဟာ လွှတ်တော် ၂ ရပ်နဲ့ အစိုးရ အကြား အာဏာ လွန်ဆွဲ မှုတွေ ဖြစ်ပေါ် လာစေပြီး သမ္မတ အိုဘားမား ရဲ့ လက်ကျန် သက်တမ်း ၂ နှစ် အတွင်း အဲဒီ့ အာဏာ လွန်ဆွဲမှု တွေနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။
အောက်လွှတ်တော် ဥက္ကဌ အနေနဲ့ အသစ် ရွေးကောက် ခံလိုက်ရတဲ့ ဂျွန်ဘေနာ က ရီပတ်ဘလီကဲန် တွေ တင်သွင်းတဲ့ စွမ်းအင် ဥပဒေကြမ်း နဲ့ အလုပ်အကိုင် ဆိုင်ရာ ဥပဒေကြမ်း တွေကို သမ္မတ အိုဘားမား အနေနဲ့ ထောက်ခံ ဖို့ တိုက်တွန်း လိုက်ပြီး ဒီလိုနည်းနဲ့ သမ္မတ ရဲ့ အစိုးရ အဖွဲ့နဲ့ လွှတ်တော်တို့ အကြား ကွဲပြား အားပြိုင် နေတာ တွေကို ကျော်လွှား နိုင်မယ် ဆိုပြီး ပြောပါတယ်။
လာမယ့် သီတင်းပတ် အင်္ဂါနေ့ မှာတော့ လွှတ်တော် ၂ ရပ် လုံးက ဒီမိုခရက်နဲ့ ရီပတ်ဘလီကဲန် ခေါင်းဆောင် အမတ်တွေ ကို အိမ်ဖြူတော် မှာ သမ္မတ အိုဘားမား နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ် ထားပါတယ်။
အဲဒီလို တွေ့ဆုံကြတဲ့ အခါ အခွန် ကောက်ခံမှု ဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်း အပါအဝင် နိုင်ငံခြား ရေးရာ မူဝါဒ တွေကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။




