ဆေးပညာ ခေတ်သစ်ရောက်မယ့် အစီအစဉ် အိုဘားမား ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty
အမေရိကန် ပြည်ထောင်စု အတွင်းမှာ လူ အယောက် ၁ သန်း ဆီက မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက် တွေ ကောက်ယူပြီး ပိုမို ထိရောက် အစွမ်းထက် တဲ့ ဆေးဝါးတွေ တီထွင်ဖို့ အစီအစဉ် ရှိကြောင်း သမ္မတ အိုဘားမား က ထုတ်ဖော် ပြောကြား လာပါတယ်။
လူနာ တစ်ဦးချင်းစီ အပေါ် မူတည်ပြီး လိုအပ် ကိုက်ညီတဲ့ တဲ့ ဆေးဝါး ထုတ်လုပ်နိုင်ဖို့ အခုလို စတင် ဆောင်ရွက် လာတာ ဟာ အသက်ပေါင်း များစွာ ကို ကယ်တင် နိုင်တဲ့ တွေ့ရှိချက် တွေ ထွက်ပေါ် လာမယ့် ဆေးပညာ ခေတ်သစ် ကို ရောက်ရှိ လာဖို့ ဖြစ်တယ် ဆိုပြီး သမ္မတ အိုဘားမား က ပြောပါတယ်။
၂၀၁၆ ရဲ့ အသုံးစားရိတ် ဘတ်ဂျက် ငွေထဲက ဒေါ်လာ ၂၁၅ သန်းကို အဲဒီ့ စီမံကိန်းတွက် ကျခံ သုံးစွဲဖို့ သမ္မတ အိုဘားမားက အကြံ ပြုထား ပါတယ်။
ဒီ စီမံကိန်း ရဲ့ ရှေးဦး ကာလတွေ မှာ ကင်ဆာ ရောဂါ ကုသရေး ပိုမို တိုးတက်လာဖို့ အဓိက အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။




